Pwint Phyu News

0 0
Read Time:2 Minute, 27 Second

ပွင့်ဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့်စစ်ကား ၂ စီး ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦး ကျော်သေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၀

 

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီတိုက်နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ် ကြောာင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၄ တပ် ရင်းထံမှ သိရသည်။

 

ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝ တမံဘက်မှ အကြမ်းဖက်စစ်သား၊ ပျူ အင်အား ၈၀ ခန့်ပါသည့် အကြမ်းဖက်စစ်ကြောင်းသည် မဲဇလီတိုက်နယ် ဝန်လို ၊ ခိုနန်း ကျေးရွာသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးသီးများချကာ တရစပ် ထိုးစစ်ဆင် စစ်ကြောင်းထိုးဝင်ရောက်လာ သဖြင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၄ ဦးထက်မနည်းသေဆုံးခဲ့ကာ အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

အလားတူ ဩဂုတ်လ ၁၇ ရက်နံနက် ၅ နာရီခန့်ကလည်း မဲဇလိရဲစခန်းမှ ရေရင်ရွာဘက်သို့ တက် လာသည့် အကြမ်းဖက်စစ်သား ၆၀ ခန့်လိုက်ပါလာသော ဖောကား ၂ စီးကို ရေရင်ရွာ အနောက် ဘက်အရောက် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရ စစ်သားတစ်ဦး ဆေးရုံပို့ရန် ပြင်ဆင်နေစဉ် သေဆုံးသွားကာ ကျန်ဒဏ်ရာ စစ်သားများ အပြားလည်းရှိကြောင်း သိရသည်။

 

သေဆုံးစစ်သားအလာင်းများကို နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ပွင့်ဖြူမြို့နယ်၊ ဝါတပ်သို့ သယ် ဆောင်သွားပြီး နေ့ချင်းပြီး သင်္ဂြိုလ်ပစ်လိုက်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မင်းဘူးခရိုင်အမှတ်(၄)တပ်ရင်း၊ မင်းဘူးခရိုင်အမှတ်(၇)တပ်ရင်း၊ ပွင့် ဖြူမြို့နယ် ပကဖနှင့် Yenanthar Force LPDF တို့မှပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *