Poem

0 0
Read Time:51 Second

ကဗျာကဏ္ဍ “တော်လှန်မြိုင်ထ”

 

ပျိုးကြဲလက်

 

စနစ်ဖြို မြိုင်ထမို့

ပြိုင်ကတဲ့ ဇာတ်မှာ

နိုင်ပါမှ အရေးသာမယ်

အပြေးလာ စုပေါင်း ။

 

ကကြစို့ မြိုင်မြိုင်ကွယ်

မနိုင်သော် ကျွန်ဘဝပြောင်း ။

 

ဇာတ်နာ၍ ပျော့ခွေရင်တကယ်

မှိုင်တွေတွေ စိတ်ထောင်း ။

 

ကကြိုးစုံ ငြိမ့်ငြောင်းနဲ့

လိမ့်လျောင်း၍ ကွက်ဖော် ။

 

အိတ်သွန်ကာ ဖာမှောက်လို့

လာရောက်ကွယ့် ရဲရဲကနော် ။

 

ပြိုင်ဖက်က ညစ်ထူရင်

ဉာဏ်ကူကာ ကလိုက်ပါ့

ဇာတ်တိုက်ဖို့ လိုမယ်ဆို

ဇွဲလုံ့လပို ။

 

အဓမ္မ စနစ်ဖြိုချင်ရင်ကွယ်

ကကြိုးကို ကြံဆကွယ့်လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက် ည ၁၁ နာရီ ၇ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *