NUG News

0 0
Read Time:5 Minute, 47 Second

မြို့ရွာတွေကို သိမ်းပြီးရင် ထိန်းချုပ်နယ်မြေအဖြစ် မြဲမြံစွာထိန်းထားနိုင်ရန်လိုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြော (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၀

 

မြို့ရွာများကို သိမ်းပိုက်ပြီးပါက ထိန်းချုပ်နယ်မြေအဖြစ် မြဲမြံစွာ ထိန်းထားနိုင်ရန် လိုအပ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၃ / ၂၀၂၄ အစိုးရ အဖွဲ့ အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နောက်ထပ် ကျွန်တော်တို့အနေနဲ့ အလေးအနက်ထား ရှုမြင်ဖို့ လိုတာကတော့ စစ်ရေးရလဒ်တွေရဲ့ နောက်မှာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ပီပီပြင်ပြင်ဖော်ဆောင်နိုင်ရေးကို အလေးအနက်ထားဖို့ လိုပါ တယ်။ စစ်မှာ သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုပါတယ်။ ခုခံတော်လှန်စစ်အရ မြို့တွေ ရွာတွေကို သိမ်းပိုက် နိုင်ခြင်းဟာ နိုင်ငံရေးပုံရိပ်အရ လူထုကြားထဲမှာ အားပေးထောက်ခံမှု ရတယ်ဆိုပေမယ့် တဖက်မှာ လည်း သိမ်းပိုက်နယ်မြေကို ထိန်းချုပ်နယ်မြေအဖြစ် ပုံဖော်ဖို့ အားနည်းတာဟာ လူထုအတွက်ရော၊ တော်လှန်ရေးအတွက်ပါ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သိမ်းပိုက်နယ်မြေတွေကို ထိန်း ချုပ်နယ်မြေတွေအဖြစ် မြဲမြံစေဖို့အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။” ဟု NUG၊ယာယီသမ္မတဒူဝါလရှီးလ က ပြောကြားသည်။

ခုခံတော်လှန်စစ်မှ စစ်ရေးအောင်ပွဲများ၏ နောက်ဆက်တွဲအနေဖြင့် အုပ်ချုပ်ရေးလုပ်ငန်း စဉ်များ ကို တွဲဖက်ပြီး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးနှင့် နိုင်ငံရေးကိစ္စများကို ပူးတွဲ လုပ် ဆောင်နေကြရသလို စစ်ရေးကိစ္စများကို စီမံရင်းဖြင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကိုပါ တိုးချဲ့ လုပ် ဆောင်နေကြရမည်ဖြစ်ပြီး ကဏ္ဍအလိုက် အရေးကြီးသည့် ကိစ္စရပ်များဖြစ်သဖြင့် မည်သည့် တစ်ခု ခုကိုမျှ ချန်လှပ်ထားခဲ့၍ မရကြောင်း နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးထားသည်။

 

“လူထုတော်လှန်ရေးရဲ့ သဘောကတော့ စစ်ရေးအားသာချိန်မှာ စစ်ရေးဘက်ကို တိမ်းညွှတ်ချက် များသွားပြီး တခြားသော ကဏ္ဍတွေမှာ မှေးမှိန်သွားတာမျိုး ဖြစ်လေ့ရှိပါတယ်။ တကယ်တော့ နွေဦး တော်လှန်ရေးဟာ တော်လှန်ရေး – စစ်ရေး – နိုင်ငံရေး အပါအဝင် အုပ်ချုပ်ရေးကိစ္စရပ်တွေကပါ ယှဉ် တွဲပြီး လုပ်ဆောင်နေကြရတာကို မြင်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ကဏ္ဍတခုချင်း စီရဲ့ အရေးပါမှုကို အထူး နားလည်ကြရမှာ ဖြစ်သလို၊ လမ်းစဉ်တခုချင်းစီရဲ့ အားသာချက် – အားနည်း ချက်တွေကိုလည်း နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

တိုင်းပြည်သည် ရေမြေသယံဇာကပေးသည့် ကောင်းချီးများကို ခံစားရသည့် တိုင်းပြည် ဖြစ်သဖြင့် စည်းမျဉ်း၊စည်းကမ်း၊ မူဝါဒများဖြင့် ထိန်းကွပ်ပေးမှု ရှိမှသာ တိုးတက်ဖွံ့ဖြိုးရေးကို တက် လှမ်းနိုင် မည် ဖြစ်ကြောင်း၊ သဘာဝက ပေးအပ်ထားသည့် ကောင်းချီးများကို စီမံခန့်ခွဲမှု ညံ့ဖျင်းပါက သယံဇာ တကျိန်စာ သင့်သလိုဖြစ်တတ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးကာလအတွင်းမှာလည်း တည် ဆောက်ရေးအရ အောင်မြင်စေရန် မူဝါဒများ ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များကို အသုံးပြုပြီး တရားသဖြင့် စီမံခန့်ခွဲနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်။

 

ထို့အပြင် တိုင်းပြည်နှင့်လူ့အဖွဲ့အစည်းအတွင်း၌ လူမှုစီးပွားအရ တရားမျှတမှု ရှိရန်နှင့် ဓနဥစ္စာ ခွဲ ဝေမှု ညီညွတ်မျှတမှသာ ငြိမ်းချမ်းဖွံ့ဖြိုးသည့် နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနှင့် မူဝါဒရေးများကို စဉ်းစားဆောင်ရွက်သည့်အခါတွင် လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး ရန် အတွက် အခြေခံသဘောတရားများဖြစ်သင့်ပြီး တိုင်းပြည်နှင့် နိုင်ငံတော်ကို စီမံအုပ်ချုပ် သည့် အခါတွင် အမြော်အမြင်ရှိမှုနှင့် တရားမျှတမှုကို အခြေခံသည့် မူဝါဒများ ကျယ်ပြန့်ရန် အင်မတန် အရေးကြီးကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

“ကျွန်တော်တို့ဟာ ရေးရာအလိုက် အုပ်ချုပ်စီမံမှုလမ်းစဉ်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ လူထု အကျိုးအတွက် အခြေခံမူကောင်းတွေ အသက်ဝင်ရေးကို အလေးအနက်ထားဖို့ လိုကြောင်း ပြောကြားလိုပါတယ်။ လူထုနဲ့ တိုင်းပြည်အတွက် သဘာဝက ပေးအပ်တဲ့ သယံဇာတတွေကို စီမံခန့် ခွဲတဲ့ နေရာမှာ လူမှုတရားမျှတမှုနဲ့ ဓနဥစ္စာ ခွဲဝေမှု ညီမျှရေးကို အခြေခံထားပြီး လုပ်ဆောင်ဖို့ လိုပါ တယ်။ ဒါဟာ အုပ်ချုပ်ရေးလုပ်ငန်းစဉ် အပါအဝင်၊ နိုင်ငံတော်တည်ဆောက်ရေးအတွက်ပါအရေးကြီး တဲ့အခြေခံသဘောထားတွေဖြစ်တယ်လို့ ယူဆပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ ကပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *