Ngazun News

0 0
Read Time:2 Minute, 42 Second

ငါန်းမြာကြီးရဲစခန်းသိမ်းပိုက်ပြီး စခန်းမီးရှို့ပြီး ပြန်ဆုတ်ပြီးချိန်မှ လေကြောင်းပစ်ကူရောက် (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၀

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာ ပြီးနောက်မှ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းပစ်ကူရောက်ရှိလာကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၉ ရက် နံနက် ၄ နာရီခန့်မှ စတင်၍ ငါန်းမြာကြီးရဲစခန်းကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်စစ်သား၊ ရဲ အများအပြား စခန်းစွန့်ခွာ ထွက်ပေးသဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းအတွင်းမှ ဖရင်းဂန်းစက်လက် ၁ လက်၊ G3 သေနတ် ၅ လက်၊ ရိုင်ဖယ် ၁ လက်၊ အူစီ ၂ လက် ၊ ပစ်စတို ၁ လက်အပါအဝင် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“သေတာတော့ မရှိဘူး။ စခတွေက ထွက်ပြေးသွားကြတာ။ ဆီမီးခုံဘက်မှာ ကပ်ထားတဲ့ သင်္ဘောဆီ ကို ထွက်ပြေးတယ်။နောက်ငါန်းဇွန်ရဲစခန်းဘက်တွေဆီကို ထွက်ပြေးတယ်။ လက်နက်တွေချပြီး ထွက်ပြေးတာ။ ကျန်တဲ့ စခတွေတောင်မှ ထွက်ပြေးတဲ့ကြားထဲက ဖမ်းမိတာရှိတယ်။ စခန်းထဲကနေ ဖမ်းမိခဲ့တာရှိတယ်။ လေကြောင်းက ၇ နာရီထိုးလောက်မှ ပစ်ကူရောက်လာတာ။ သင်္ဘောကတော့ အစောကြီးကတည်းက ပစ်တယ်။ လေကြောင်းပစ်ကူ ရောက်လာတဲ့ ၇ နာရီလောက်ကြတော့ ပြန် ဆုတ်ခဲ့ပြီးပြီ။ တကယ်တမ်း သိမ်းတာက ၁ နာရီခွဲလောက်ပဲကြာလိုက်တာ။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ထို့အပြင် စစ်သုံ့ပန်းအမျိုးသား (၅) ၊ အမျိုးသမီး (၂) ဦး တို့ကို ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့ကို ကောင်းမွန် စွာထိန်းသိမ်းခဲ့ကာ သက်ဆိုင်ရာ သို့အပ်နှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်၉ တပ်ရင်းနှင့်နောင် ရိုးတပ်ဖွဲ့၊ Popa Guerilla Force (PGF) ၊ CDSOM၊ မန္တ​လေးခရိုင် တပ်ရင်း (၅)၊ မြင်းခြံဟီးရိုးနှင့် ငန်းနက်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *