Myingyan News

0 0
Read Time:5 Minute, 18 Second

မြင်းခြံမြို့နယ်တွင် ခရိုင်အထူးစစ်ဆင်ရေးအတွင်း စစ်သား၊ ပျူ ၉ ဦးထက်မနည်းသေဆုံးပြီး PDF တစ်ဦးကျဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၀

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း၌ Myingyan District Special Operation (MDSO) မြင်းခြံ ခရိုင်အထူးစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၉ ဦးထက်မနည်းသေဆုံးကာ PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

ဩဂုတ်လ ၁၀ ရက်နေ့က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး – MDSO အဖြစ် မြင်းခြံမြို့နယ်၊ လေးရွာဆုံ ကျေးရွာရှိ စစ်သား၊ ပျူ ပူးပေါင်းအထိုင်စခန်းကို ကျွန်ုပ်တို့ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာ မိတ် တပ်ရင်း၊ တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူ ၄ ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း မြင်းခြံမြို့နယ် ပကဖ ရဲဘော် ၁ ဦး မြင့်မြတ် စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

အလားတူ မြင်းခြံမြို့နယ်၏ အထိုင်စစ်တပ်ဖြစ်သော ခမရ ၁၅ တပ်ရင်းကို မြင်းခြံခရိုင်အမှတ် ၁ တပ် ရင်းနှင့် မဟာမိတ်တပ်ရင်း၊ တပ်ဖွဲ့များမှ “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” ၏ စစ်ဆင်ရေးတစ်ခုအနေ ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိရိပ်သာအား ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ သစ်ပင်ရှည်ကျေးရွာသို့ စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်သား၊ ပျူများကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း နှင့် မဟာမိတ်တပ်ရင်း၊ တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အ ကြမ်းဖက်စစ်သား၊ ပျူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ခမရ ၁၅ တပ်ရင်းအတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

 

ဩဂုတ်လ ၁၄ ရက် ညနေ ၃ နာရီခန့်တွင် မြင်းခြံမြို့ပေါ်မှ ပျူများဖြင့် အင်အားပူးပေါင်းကာ ပျော် ဘွယ်၊ စံပြကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ခန့်ကြာမြင့်ခဲ့ပြီး ၃ ပွင့်ဗိုလ်ကြီးတစ်ဦးအပါအဝင် အများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိကာ ပြန် ဆုတ်သွားကြောင်း သိရသည်။

 

အထိနာသွားသော အကြမ်းဖက်စစ်သားများမှ ဟောင်ဝှစ်ဇာ၊ ၁၂၀ မမ၊ ၈၁ မမ နှင့် ၆၀ မမ လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၁၆ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်မှ မြင်းခြံ – နွားထိုးကားလမ်းအတိုင်း စစ်ကြောင်းထိုး ကာ မြင်းခြံမြို့နယ်၊ ရွာကြီးကျေးရွာ ဘုရားဝင်းအတွင်း၌ နေရာယူတပ်စွဲထားသော အကြမ်းဖက် စစ် သားများကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်း တိုက် ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း တစ်လောင်းတွေ့ရှိကာ ကျန်အကြမ်းဖက်စစ်သာများမှာ ဘုရားဝင်းအတွင်းမှ ဆုတ်ခွာထွက်ပြေးသွား ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီး ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ‌ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရ သည်

 

အဆိုပါ စစ်ရေးများကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံခရိုင် အ မှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း ၊ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွားထိုးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင်အတွင်းရှိ Local PDF မဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *