Pakokku News

0 0
Read Time:2 Minute, 11 Second

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ပျူ ၆ ဦး သေဆုံး၊ သေနတ် တစ်လက် သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၉

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ကမ္မ ကားလမ်းမပေါ်ရှိ ညောင်ဂျစ်ပင်ရွာ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၆ ဦးသေဆုံးပြီး သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၁၈ ရက် နံနက် ၅ နာရီမှစတင်၍ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မ ကားလမ်းမပေါ်ရှိ ညောင် ဂျစ်ပင်ရွာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းတပ်စွဲထားသည့် ဂိတ်စခန်းကို ဝင်ရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ နံနက် ၆ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး G3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

ထိသို့ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ် ပျူစောထီးခေါင်းဆောင်၏ နေအိမ်ရှိ ရိက္ခာပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ကာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တော်ဝင်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ ပေါက်မြို့နယ် -YGF တပ် ဖွဲ့ ၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ၊ဗိုလ်မီးတောက် ၊ Air Frighter (မြိုင်) ၊ KG ၊ ဗိုလ်စကား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ ThuRain-TR နှင့် Young Force UG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *