Gangaw News

0 0
Read Time:2 Minute, 32 Second

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းရွာထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၁၉

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရ သည်။

 

ဩဂုတ်လ ၁၆ ရက်နံနက် ၅ နာရီခန့်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်ကျေးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများပူးပေါင်းထားသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ရေသာရွာ၊ သင်တောရွာနှင့်ရွှေဘိုကျေးရွာတို့ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် ဂန့်ဂေါခရိုင်အတွင်း ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောာင်းသိရသည်။

 

ထိုသို့တိုက်ခိုက်မှုသည် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄ နာရီခန့်ကြာမြင့်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ အ ချိန်တွင် အကြမ်းဖက်စစ်သား၊ ပျူများမှာ မြောက်ခင်ရန်း ကျေးရွာသို့ ပြန်ဆုတ်သွားကြောင်း၊ တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၇ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူ များကို ဟံသာဝတီဆေးရုံသို့ ပို့ဆောင်ကာ ကုသထားကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဂန့်ဂေါမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၅၀ တပ်ရင်းမှ လက် နက် ကြီးဖြင့် ရှုံးရှီရွာဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ နွားတစ်ကောင်သေဆုံးပြီး တစ်ကောင်ဒဏ်ရာ ရရှိခဲ့ကြောင်း ယောအလင်းတန်းက ထုတ်ပြန်ထားသည်။

မြောက်ခင်ရန်းကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် PDF လူငယ်နှစ်ဦးကို အရှင် လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် အနီးအနားရှိ ရွှေဘိုကျေးရွာ၊ ရေသာကျေးရွာတို့ကိုလည်း မကြာခဏ စစ်ကြောင်းထိုးမီးရှို့မှုကြောင့် အဆိုပါကျေးရွာများမှ အိမ်ခြေ ၃၀၀ ခန့်ပြာကျသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Photo – မြောက်ခင်ရန်းကျေးရွာမှ စစ်သား၊ ပျူများ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားနေအိမ် တစ်လုံး (ပုံဟောင်းဖြစ်သည်။)

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *