Dawei News

0 0
Read Time:2 Minute, 43 Second

ထားဝယ်မြို့တွင် စပ်ရေးရာဝန်ကြီးကားနှင့် ထို့သို့ပစ်ခတ်ခံသည့်နေရာ၌ တပ်စွဲထားသော စစ်သား များကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး(ရုပ်သံ)

D Day News

ဩဂုတ်လ ၁၉

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ နယ်စပ်ရေးရာဝန်ကြီးကား ပစ်ခတ်ခံရသည့်နေရာ၌ အခိုင်အမာတပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေ ဆုံးခဲ့ကြောင်း ရေဖြပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၁၅ ရက်နံနက် ၈ နာရီခန့်က ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ ရေးလမ်းပေါ်တွင် အကြမ်း ဖက်စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးလိုက်ပါ လာသော ကားကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် – DNLA တပ်ခွဲ ၁ တို့ ပူးပေါင်းပြီး ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးကာ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရသည့် နေရာအား အကြမ်းဖက်စစ်သားများက အခိုင်အမာတပ်စွဲနေရာယူကာ မြို့နေပြည်သူများအပေါ် ဒုက္ခပေးနေသဖြင့် ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညနေ ၅ နာရီခန့်က ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA) တို့မှ ပူးပေါင်းပြီး စနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

 

တဆက်တည်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့်  မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး အသိ၊ သတိပြု သွားလာနေထိုင် ကြရန် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *