CDM News

0 0
Read Time:2 Minute, 2 Second

လောင်းလုံးမြို့နယ်တွင် ပျူစောထီးတစ်ဦးက မိသားစုပါခေါ်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အ လင်းဝင်

 

D Day News

ဩဂုတ်လ ၁၉

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး တစ်ဦးက မိသားစုပါ ခေါ်ယူပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း နွေဦး ပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က လောင်းလုံးမြို့နယ် ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင် ဦးလှမျိုး သည် နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံ ဆက်သွယ်ကာ မိသားစုလိုက်ခေါ် ဆောင်လာပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်သူ ဦးလှမျိုးသည် AK- အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၀ တောင့် နှင့် လက်ပစ်ဗုံး ၃ လုံး တို့ကို ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့သဖြင့် နွေဦးပြောက် ကျားတပ်ဖွဲ့ (NOGF) မှ ဂုဏ်ပြုဆုငွေ ၄၅ သိန်း ကျပ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆုကြေးငွေချီးမြှင့်ပေးပြီးနောက် အလင်းဝင်ရောက်လာခဲ့သူ ဦးလှမျိုးနှင့်မိသားစုဝင်များကို ဘေးကင်းလုံ ခြုံရာသို့ ပို့ဆောင်စီစဉ်ပေးခဲ့ပြီးဖြစ်ကြောင်း နွေဦးပြောက်ကျား တပ်ဖွဲ့မှ ထုတ်ပြန် ထားသည်။

 

ဆက်လက်၍လည်း ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်(ပျူ‌စော ထီး) အဖွဲ့ဝင်များအား နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF) မှ နွေးထွေးစွာကြိုဆိုလျက်ရှိပြီး လက်နက် ဖြင့်အလင်းဝင်လာသူများကို ထိုက်သင့်သည့် ဂုဏ်ပြုဆုငွေများ ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း အ သိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *