Tha Baik Kyin News

0 0
Read Time:2 Minute, 29 Second

သပိတ်ကျင်းမြို့နယ်၊ ခလရ ၁၄၈ တပ်ရင်းနှင့် ဖော့တောလမ်းဆုံ စစ်တပ်စခန်းကို သိမ်းပိုက်မှု စစ် သား ၂၀ ကျော်သေဆုံး၊ ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် ဘီလူးစစ်ကြောင်းမှ စစ် ကြောင်းမှူးအပါအဝင် ၅ ဦးဖမ်းမိ

 

D Day News

ဩဂုတ်လ ၁၈

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ ၁၄၈ တပ်ရင်းနှင့် ဖော့တောလမ်းဆုံ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ဦး ကျော် သေဆုံးခဲ့ကြောင်း People’s Liberation Army-PLA ထံမှ သိရသည်။

 

ဩဂုတ်လ ၁၄ ရက်နေ့တွင် မိုးကုတ်-သပိတ်ကျင်း-မန္တလေး လမ်းဆုံရှိ ဖော့တောလမ်းဆုံ စခန်းကို ​တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ထို့အပြင် သပိတ်ကျင်းမြို့နယ် ၊ ၇ မိုင်ရှိ အမှတ် ၁၃ တန်းမြင့်လေ့ ကျင့်ရေး သင်တန်းကျောင်းကို တော်လှန်ရေးတပ်များက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ ဩဂုတ်လ ၉ ရက် ညနေ ၅ နာရီအချိန် သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်ရင်းကို TNLA ၊ မိုးကုတ်ဗျူဟာနှင့် PLA ​ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၂၂၂ တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ဦး ကျော်သေဆုံးကြောင်း သိရသည်။

“အမှတ် ၁၃ တန်းမြင့် လေ့ကျင့်ရေးတပ်ကို တိုက်နေတုန်းပါပဲ။ တိုက်ပွဲ ပြင်းထန်ပါတယ်။ ခလရ ၁၄၈ ကို သိမ်းတုန်းက စခ ၂၀ ကျော်သေတယ်။ အရှင်ဖမ်းမိတာတွေလည်း ရှိတယ်။ သိမ်းဆည်း လက်နက် စာရင်းအတိအကျမသိရသေးပါဘူး။ တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်မှုတော့ ရှိပါတယ်” ဟု People’s Liberation Army-PLA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အရှင်ဖမ်းဆီးရရှိသူများမှာ အကြမ်းဖက်စစ်တပ်၏ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူး အပါအဝင် စစ်သား ၅ ဦးအရှင်ဖမ်းဆီးရရှိကြောင်း၊ ၎င်း ဘီလူး စစ်ကြောင်းသည် ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်သော စစ်ကြောင်း ဖြစ်ပြီး ခေါင်းဖြတ်၊ ခြေဖြတ်၊ လက်ဖြတ် စသည်ဖြင့် ရက်ရက် စက်စက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သော စစ်တပ်စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *