မြင်းခြံမြို့နယ်၊ သံမဏိစက်ရုံအတွင်းရှိ စစ်သားများကို ၆၀ မမ အလုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)
D Day News
ဩဂုတ်လ ၁၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ် ၁ သံမဏိစက်ရုံအတွင်းဝင်ရောက်တပ်စွဲနေထိုင်သော အကြမ်း ဖက်စစ်သားများကို ၆၀ မမ ဗုံးသီး အလုံး ၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။
မြင်းခြံမြို့နယ် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး အတွက် အမှတ် ၁ သံမဏိစက်ရုံအတွင်းသို့ အ ကြမ်းဖက်စစ်သားများ ဝင်ရောက်တပ်စွဲထားခဲ့သဖြင့် စက်ရုံအလုပ်သမားဝန်ထမ်းများ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း၊ အမှတ် ၁ သံမဏိစက်ရုံအတွင်း တပ်စွဲသော အကြမ်းဖက်စစ်သားများမှာ ၂၀၀ ခန့်ရှိကြောင်း သိရသည်။
ထို့သို့ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲသော အမှတ် ၁ သံမဏိစက်ရုံအတွင်းသို့မြင်းခြံ ခရိုင်အမှတ် ၃ တပ်ရင်းနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဩဂုတ်လ ၁၆ ရက် ည ၇ နာရီ ၁၅ မိနစ် ခန့်က ၆၀ ဗုံးသီး ၅၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု အများအပြားရှိပြီး အကြမ်းဖက် စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အဆိုပါ အမှတ် ၁ သံမဏိစက်ရုံသည် ယခင်အစိုးရလက်ထက်တွင် အရှုံးပေါ် နေသဖြင့်ရပ်နားထား ခဲ့သည့် စက်ရုံဖြစ်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ စစ်သုံးလက်နက်ပစ္စည်းထုတ် လုပ်ရန်အတွက် အသုံးပြုရန် ပြန်ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News