KNU News

0 0
Read Time:1 Minute, 46 Second

KNU တပ်မဟာ ၅ နယ်မြေ၌ ၁၅ ရက်တာအတွင်း တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပြီး စစ်သား ၂၀ သေဆုံး

 

D Day News

ဩဂုတ်လ ၁၈

 

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ မူတြော်ခရိုင်၌ ၁၅ ရက်တာအတွင်း တိုက်ပွဲ ၅၇ ကြိမ် ဖြစ်ပွားခဲ့ ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ အမှတ် ၅ တပ်မဟာနှင့် အကြမ်းဖက် စစ်တပ်တို့အကြား တိုက်ပွဲပေါင်း ၅၇ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲ ၅၇ ကြိမ်အတွင်း ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ အမှတ်၅ တပ်မဟာ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစုံတရာ မရှိကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြု လုပ်ခြင်းအပြင် စက်လက်နက်ခဲယမ်း ရိက္ခာများကိုလည်း ထောက်ပို့လေယာဉ်ဖြင့်သာ ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

 

ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း မူတြော်ခရိုင်အတွင်း၌ အကြမ်းဖက် စစ်တပ်က ပြည်သူ လူထုနေထိုင်ရာကို ဦးတည်ပြီး လက်နက်ကြီးဖြင့် ၅ ကြိမ်ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦးနှင့် နွားတစ်ကောင် ထိခိုက်ဒဏ် ရာရရှိခဲ့ကြကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *