Kawthaung News

0 0
Read Time:4 Minute, 27 Second

ခမောက်ကြီးမြို့နယ်အခြေစိုက် ခမရ ၅၉၅ တပ်ရင်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၁၈

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ၁၈ မိုင် အနီးရှိ ခမရ ၅၉၅ တပ်ရင်း ရှေ့ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ကော့ သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့- ပကဖ ထံမှ သိရသည်။

 

ဩဂုတ်လ ၁၆ ရက် ည ၈ နာရီ မိနစ် ၅၀ အချိန်က ခမောက်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ ခမရ ၅၉၅ တပ်ရင်းရှေ့ရှိ ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

“တပ်ရင်းရှေ့က ဂိတ်ဆိုတော့ အနည်းဆုံး ၁၀ ယောက်ကျော် ၂၀ ဝန်းကျင်လောက်ရှိမှာပေါ့၊ တပ်ရင်း ထဲကနေ ရှေ့ကို လက်နက်ကြီးက ပစ်ကူပေးနေတာ။ အမှန်ကတော့ ဂိတ်ကို အဓိက ဦးတည်ပြီး သွား တာမဟုတ်ဘူး။ သူတို့အပြင်ကို လှုပ်ရှားထွက်နေတဲ့ တပ်ဖွဲ့တွေရှိတယ်။ အဲဒီတပ်ဖွဲ့တွေ ပြန်ဝင်မယ် ဆိုတာကို သတင်းရလို့ သူတို့ဂိတ်ဝကနေ သွားစောင့်ပြီးတော့ လုပ်တာ၊ အဲဒီလိုသူတို့ပြန်အလာကို စောင့်ပေမယ့် သူတို့တပ်ဖွဲ့တွေ ပြန်အလာအထိမစောင့်နိုင်လိုက်ဘူး။ ဘာကြောင့်လည်းဆိုတော့ ကျနော်တပ်ဖွဲ့ဝင်တွေ ပြင်ဆင်နေတဲ့နေရာမှာ အရပ်သားပြည်သူတွေက သွားလာနေတော့ သူတို့ တပ်ဖွဲ့ဝင်ပြန်လာတဲ့အချိန်စောင့်နေရင် ပြည်သူတွေနဲ့ ဒရောသောပါး ပြည်သူတွေမှာ ထိခိုက်မှုစိုးတဲ့ အတွက် ဂိတ်မှာရှိတဲ့သူတွေကို လုပ်ပြီးတော့ ပြန်ဆုတ်လာခဲ့လိုက်တာ” ဟု  ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကော့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၉၅ တပ်ရင်းအတွင်းမှ လက်နက်ကြီးများဖြင့် အ ဆက်မပြတ်ပစ်ခတ်ကူ ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ကော့သောင်းမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်မားလာလျက်ရှိပြီး ဒေသနေပြည်သူများ၏ စစ်ရေး အသိ၊ စစ်ရေးသတိ အားနည်းမှု၊ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များ လိုက်နာမှုအားနည်းခြင်းတို့ ကြောင့် ဖျက်သိမ်းခဲ့ရသည့် မစ်အရှင်အချို့ရှိပြီး မိဘပြည်သူများအနေဖြင့် စနစ်တကျလိုက်နာကာ ပူးပေါင်းကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

 

“ရှေ့မှာလည်း အကြိမ်အခါခါသတိပေးစာတွေထုတ်ပြန်ထားခဲ့တာရှိတယ်။ ဝန်ကြီးဌာနတွေကလည်း ဆောင်ရန်ရှောင်ရန်တွေ ထုတ်ပြန်ထားတာရှိတယ်။ ပြည်သူတွေအနေနဲ့ ကျန်တဲ့နေရာမှာ မကူညီနိုင် ရင်တောင်မှ ထုတ်ပြန်တဲ့ထားတဲ့ ထုတ်ပြန်ချက်အတိုင်း စနစ်တကျလိုက်နာပြီးတော့ တော်လှန်ရေး ကို ဝိုင်းဝန်းကူညီပေးပါလို့ ပြောချင်တယ်။ဘာကြောင့်လည်းဆိုတော့ မစ်ရှင်တစ်ခုလုပ်ပြီရင် အချိန်၊ ငွေအင်အား၊ လူအင်အား အစရှိသဖြင့် အများကြီးရင်းနှီးခဲ့ရတယ်၊ ရင်းနှီးပြီးတော့ မစ်ရှင်တစ်ခုကို အ ကောင်အထည်ဖော်ရတာ။ ဒါပေမယ့် ပြည်သူတွေကို ငဲ့ညှာရင်း ငဲ့ညှာရင်းနဲ့ တစ်ချို့မစ်ရှင်တွေကို ဖျက်ပစ်လိုက်ရတာတွေ အများကြီးရှိ တယ်။ အဲလိုမျိုးမဖြစ်အောင် ပြည်သူတွေအနေနဲ့ ထုတ်ပြန်စာ တွေ အတိုင်း အသိ၊သတိနဲ့ လိုက်နာ ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *