Kantbalu News

0 0
Read Time:1 Minute, 35 Second

ကန့်ဘလူမြို့နယ်၊ ကျေးရွာ ၃ ခုမှ ပျူစခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူများစခန်း စွန့်ခွာထွက်ပြေးသွားသဖြင့် ဘန်ကာများကို ဖျက်ဆီး

 

D Day News

ဩဂုတ်လ ၁၈

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ခုမှ ပျူစခန်းများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများစခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် ဘန်ကာများကို ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖထံမှ သိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ အကြမ်းဖက် စစ်သားနှင့် ပျူများ တပ်စွဲထားသော မကုန်းရွာ၊ ညောင်ဇင်ကြီးရွာနှင့် ဘိုတဲကုန်းရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသော ကြောင့် တော်လှန်ရေး ရဲဘော်များက စခန်းအတွင်းရှိ ဘန်ကာများကို ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင်တပ်ရင်းများဖြစ်သော ကန့် ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့နှင့် ကန့်ဘလူမြို့နယ် ပကဖ တပ်ဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *