Depeyin News

0 0
Read Time:4 Minute, 25 Second

ဒီပဲယင်းမြို့ကို လေကြောင်းပစ်ကူအလွန်အကျွံအသုံးပြုခုခံကာကွယ်နေသည့် ကြားမှ အလုံးစုံ သိမ်းပိုက်ရရရှိ၊ စစ်သား၊ ပျူအချို့ထွက်ပြေးသွားပြီး အလံဖြူထောင်လက်နက်ချသူ ၁၂၃ ဦးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၈

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို လေကြောင်းပစ်ကူအလွန်အကျွံအသုံးပြုခုခံကာကွယ်နေသည့် ကြားမှ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား၊ ပျူအချို့ထွက်ပြေးသွားကာ အလံဖြူထောင်လက်နက်ချသူ ၁၂၃ ဦးရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၈ ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဒီပဲယင်းမြို့ရှိ အကြမ်းဖက်စစ်ဖက် စစ်သားများ တပ်စွဲထားရာ နေရာများကို အမှတ် ၁ စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှု ဖြင့် ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းများ၊ ရွှေဘိုခရိုင် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ ဘုတလင်မြို့နယ် ပကဖတို့ ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ ယင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူအချို့ ထွက်ပြေးသွားပြီး အလံဖြူ ထောင်လက် နက်ချသူ ပျူ ၂ ဦး၊ Non CDM ဝန်ထမ်း ၄၁ ဦး၊ မိသားစုဝင် ၈၀ ဦး စုစုပေါင်း ၁၂၃ ဦးရှိ ကြောင်း သိရ သည်။

ထိုသို့ အလံဖြူထောင်လက်နက်ချသူ ၁၂၃ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုအပ်သော ဆေးဝါးကုသမှုကိုလည်း ဒီပဲယင်းမြို့ထဲ၌ပင် ဆောင် ရွက်ပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အသိပေးထားသည်။

 

ဒီပဲယင်းမြို့ကို အလုံစုံသိမ်းပိုက်ထိန်းချုပ်ထားသော်လည်း ရေဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်ကူစစ်ကြောင်းကို ရေဦး၊ ဒီပဲယင်း ပကဖ တပ်ဖွဲ့များက ပိတ်ဆို့တားဆီးဖြတ်တောက်တိုက်ခိုက် လျက်ရှိရာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

 

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေချိန် ယမန်နေ့ ဩ ဂုတ်လ ၁၇ ရက်နေ့က ဒီပဲယင်းမြို့နှင့် အနီးဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က နံနက် ၇ နာရီ ၃၅ မိနစ်၊ ၈ နာရီ ၅၇ မိနစ်နှင့် ၉ နာရီခန့်တွင် Yak-130 ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၉ နာရီ ၄၇ မိနစ်၊ ၄၉ မိနစ်နှင့် ၅၂ မိနစ်ခန့်တွင် မုံရွာ နမခ မှ တက်လာသော Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ Y-12 ဗုံးကျဲလေယာဥ်က ဒီပဲယင်းမြို့ပတ်ချာလည်ကို ယမန်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်၊ ၂၄ မိနစ်၊ ၃၀ မိနစ်၊ ၄၈ မိနစ်၊ ၅၁ မိနစ်နှင့် ၁၁ နာရီ ၄ မိနစ်၊ ၅ မိနစ်၊ ၁၁ မိနစ်၊ ၁၆ မိနစ်၊ ၂၅ မိနစ်တို့တွင် လေ ကြောင်းဖြင့် ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ Mi-35 ရဟတ်ယာဉ်ဖြင့်လည်း ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်နှင့် ၂၄ မိနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် Mi-35 ရဟတ် ယာဉ်ဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များက ဒီပဲယင်းမြို့ကို မဆုံးရှုံးရေး လေကြောင်းဖြင့် အပြင်း အထန် ခုခံခဲ့သော် လည်း တော်လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ် ကြောင်း၊ ဒီပဲယင်းမြို့ ရှိ ဌာန ဆိုင်ရာရုံးတချို့ကို ယခုနှစ် ဇန်နဝါရီလကတည်းက တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *