Rakhine News

0 0
Read Time:3 Minute, 58 Second

မောင်တောမြို့မှ စစ်ရှောင်လာသည့် ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားနေပြီး သေဆုံး သူ ၅ ဦးထိရှိလာကာ အရေးပေါ် ဆေးဝါးများ လိုအပ်နေဟု AA က အကူအညီ တောင်းခံ

 

D Day News

ဩဂုတ်လ ၁၇

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ စစ်ရှောင်လာသည့် ပြည်သူများမှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ဖြစ် ပွားနေပြီး သေဆုံးသူ ၅ ဦးထိရှိလာ၍ အရေးပေါ် ဆေးဝါးများ လိုအပ်နေကြောင်း အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ဩဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကာ အကူအညီ တောင်းခံလိုက်သည်။

 

အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေသည်နှင့် တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ အတွင်း၌ ပိတ်မိနေကြသော ဒေသ ပြည်သူများနှင့် ၎င်းမြို့ အနီးပတ်ဝန်းကျင်မှ ပြည် သူများကို စစ်ပွဲနှင့် ကင်းလွတ်ရာကို အချိန်မီ ကယ်ထုတ်ပြီး ရွှေ့ပြောင်းနေရာချထားခြင်းများကို ဆက်တိုက်ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။

ယခုအချိန်တွင် အာရက္ခတပ်တော်က ကယ်ထုတ်လာသည့် စစ်ပွဲရှောင် အရေအတွက်သည် ၂၀၀၀၀ နီးပါး အထိ ရှိလာခဲ့ပြီဖြစ်၍ ကယ်ထုတ်သည့် လုပ်ငန်းများကို ဆက်လက် ပြုလုပ်လျက်ရှိနေဆဲဖြစ် ကြောင်း၊ လက်ရှိအချိန်သည် မိုးရာသီ ကာလဖြစ်သည်နှင့်အညီ မိုးရာသီတွင် အဖြစ်များသော ဝမ်း ပျက်၊ ဝမ်းလျှောခြင်း ရောဂါမှာ နေရာအချို့တွင် ဖြစ်ပေါ်လျက်ရှိကြောင်း အသိပေးထားသည်။

 

ထို့ပြင် လွန်ခဲ့သော ရက်ပိုင်းများကလည်း အာရက္ခဒေသနေ ပြည်သူများသည် ရေကြီးခြင်းဒဏ်ကို ခံစားခဲ့ရကာ ရေကြီးခြင်း၏ နောက်ဆက်တွဲဖြစ်သော သောက်သုံးရေမသန့်ခြင်းများကြောင့် ဝမ်း ပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှုန်းမှာ ယခုရက်ပိုင်းအတွင်း ပိုမို မြင့်တက်လျက်ရှိသည့်အပြင် သေ ဆုံး သည့်အရေအတွက်မှာ ၅ ဦး ထိ ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရသည် အာရက္ခဒေသနေပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများကို မိမိတို့တွင်ရှိသော ဆေးဝါးများဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး ကုသပေး လျက် ရှိပြီး သို့သော်လည်း အာရက္ခဒေသသည် စစ်ဘေး၊ ရေဘေးများကို တစ်ပြိုင်နက်တည်း ကြုံ တွေ့နေရသောကြောင့် ကျန်းမာရေး စောင့်ရှောက်သည့် လုပ်ငန်းများတွင် ဆေးဝါးဆိုင်ရာ လိုအပ်မှု များ ရှိကြောင်း အသိပေးထားသည်။

 

ယခုအချိန်တွင် မောင်တောဒေသမှ တိုက်ပွဲရှောင် ပြည်သူများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ် ပွား လျက်ရှိသောကြောင့် ထိုသူများအတွက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်သက်ဆိုင်သော ဆေးဝါး များ အပြင် အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်သောဆေးဝါးများမှာ အရေးတကြီးလိုအပ် လျက် ရှိနေကြောင်း သိရသည်။

 

ထို့ကြောင့် အိမ်နီးနားချင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များ အနေဖြင့် ရောဂါခံစားနေရသော လူနာများအတွက် အရေးတကြီးလိုအပ် လျက်ရှိသော ဆေးဝါးများကို အကူအညီပေးကြပါရန် အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက အကူ အညီ လိုအပ်နေသောသူများကိုယ်စား အရေးပေါ် အကူအညီတောင်းခံအပ်ကြောင်း မေတ္တာရပ်ခံထား သည်။

Photo – မောင်တောမြို့တိုက်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများကို AA တပ်ဖွဲ့ဝင်များက ကယ် ထုတ်နေစဉ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *