Nga Zun News

0 0
Read Time:3 Minute, 3 Second

ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုကျေးရွာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၇

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုကျေးရွာစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ်ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၆ ရက် ညနေ ၃ နာရီမှ စတင်၍ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် -ငါန်းမြာ အဓိက လမ်းပေါ်ရှိ တောင်ရွာဘိုကျေးရွာ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးများစတင်ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အော်ဟစ်ပြေးလွှားထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်စစ်သားများ ထွက်ပြေးနေစဉ် မြေပြင်မှ အသင့်စောင့်ဆိုင်းနေသော ရဲဘော်များက မီတာ ၁၀၀မှ အနီးကပ် လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့တိုက်ခိုက်ဝိုင်းဝန်းတိုက်ခိုက်နေစဉ် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ချိန်၌ ငါန်းဇွန်မြို့မှ စစ်ကူကား ၃ စီးအပြည့်အဖြင့် မင်းကျီကျေးရွာ၊ ဖောင်းကတောကျေးရွာတောလမ်း အတိုင်း စစ်ကူများတက်လာပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ကူပေးနေသဖြင့် ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

“တောင်ရွာဘိုကျေးရွာစခန်းက အင်အားကအတော်များတယ်၊ ငါန်းဇွန်၊ ငါမြာ အဓိလမ်းပိုင်းမှာမို့ပါ။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး စစ်ကူအင်အားတွေ အများအပြားရောက်လာလို့ စခန်း မ သိမ်းနိုင်ခဲ့တာပါ။ ဝေဟင်ဒရုန်းနဲ့ မြေပြင် ပူးပေါင်းမှုအားကောင်းလို့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ စတင်ဗုံးကျဲတဲ့အချိန်မှာ တိတိကျကျဗုံးကျဲနိုင်ခဲ့တယ်၊ စစ်ခွေးတွေ ကြောက်လန့်တကြားထွက်ပြေး ချိန်မှာ မြေပြင်ကနေ အနီးကပ်ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်ပွဲကတော့ နာရီဝက်လောက်ကြာ ခဲ့တာပါ” ဟု ငါန်းဇွန်မြို့နယ်ပကဖ ဘဏ္ဍာငွေရှာဖွေရေးတာဝန် ခံ ကိုဟာရုနာကာဂျီမာက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ (ငါန်းဇွန်)၊ ငါန်းဇွန်မြို့နယ် (ပကဖ) ၊ 925-ပျောက်ကျားတပ်ဖွဲ့ ၊ Wings OF KSU ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa ၊ မန္တလေးခရိုင် တပ်ရင်း-၅ ၊ ဇေယျာရွှေမြေပျောက်ကျားတပ်ဖွဲ့၊ ပြည်တော်ဝင်ကျား ပျောက်ကျားတပ်ဖွဲ့နှင့် အားမာန်သစ်ပျောက်ကျားတပ်ဖွဲ့တို့မှ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *