Natogyo News

0 0
Read Time:1 Minute, 53 Second

နွားထိုးကြီးမြို့နယ်၊ တစိုးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သမိုင်းဝင် ရှေးဟောင်းဘုရား ၂ ဆူပျက်စီး

 

D Day News

ဩဂုတ်လ ၁၇

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တစိုးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်း သမ်း ပစ်ခတ်ခဲ့ရာ သမိုင်းဝင်ရှေးဟောင်း ဘုရား ၂ ဆူထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်း မြစ်ထံက သိရသည်။

 

ဩဂုတ်လ ၁၅ ရက် ည ၈ နာရီကျော်က မြင်းခြံမြို့၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ တပ်ရင်းမှ သူစိုးကျေးရွာ(ခ) တစိုးကျေးရွာအတွင်း သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အင်းဝမိဖုရားကြီး တည်ထားကိုးကယ်ခဲ့သော သမိုင်းဝင်ဘုရား လှိုင်ရှည်စေတီတော်နှင့် ရွှေစင်ပွင့် ဘုန်းရာအတွင်းရှိ စေတီငယ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

“မြင်းခြံခမရ စစ်တပ်ကနေ လက်အောက်ခံတပ်က နေ့တိုင်း လိုလို ပစ်ခတ်နေတာ၊ ၁၄ ရက် နေ့က လက်ဝဲ+မြင်းနီရွာ ရွှေပွင့်စင် ဘုရားအတွင်းမှာရှိတဲ့ စေတီငယ် တစ်ဆူပါ လက်နက်ကြီး ၂ လုံးကျလို့ ပျက်စီးသွားတာ၊ အနီးအနားမှာရှိတဲ့ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ ပြည်သူတွေတော့ ထိ ခိုက်မှုရှိပါဘူး” ဟု ဒေသသတင်းရင်း မြစ်က ပြောကြားသည်။

 

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO) စတင်ခဲ့သည့် သြ ဂုတ် ၁၀ ရက် နောက်ပိုင်းမှစ၍ နွားထိုးကြီး၊ တောင်သာမြို့နယ်များဘက်သို့ ခမရ ၁၅ တပ်မှ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *