Myinmu News

0 0
Read Time:1 Minute, 56 Second

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မ ရဲစခန်းနှင့် အထက ၁ စာသင်ကျောင်းထဲ၌ အရက်သောက်ရန်ပြင်ဆင် နေသော  စစ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၁၇

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ ၊ မြို့မရဲစခန်းနှင့် အထက ၁ စာသင်ကျောင်းဝန်းအတွင်းအရက်သောက် ရန် ပြင်ဆင်နေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း True Fighter အဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၃ နာရီ ၂၇ မိနစ်ခန့်တွင် မြင်းမူမြို့ အထက ၁ ကျောင်းထဲ၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများအနက် စစ်သား ၅ ဦးအရက်သောက်ရန်ပြင်ဆင်နေစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက လကပ်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များအနီး ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် မြင်းမူမြို့မ ရဲစခန်းထဲရှိ ဘန်ကာအ တွင်း ကင်းစောင့်နေသော အကြမ်းဖက်စစ်သား ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက် ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို TRUE Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ZERO ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *