China News

0 0
Read Time:6 Minute, 9 Second

မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရပြီး စည်း ၃ ခုခိုင်မာစွာ ထိန်းသိမ်းရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝမ်ယိ ပြောဆို

 

D Day News

ဩဂုတ်လ ၁၇

 

မြန်မာနိုင်ငံအခြေအနေသည် စိုးရိမ်ပူပန်ရပြီး စည်း ၃ ခုကို ခိုင်မာစွာ ထိန်းသိမ်းရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝမ်ယိက ပြောကြားသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံခြား ရေးဝန်ကြီးများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးစဉ် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

 

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး “တစ်လှေတည်းစီးကာ တစ်မြစ် တွင်းရေ အတူသောက်သုံး” ကြကြောင်း၊ မိမိတို့အကြားတွင် ရှည်လျားလှသော နယ်စပ်မျဉ်းနှင့် သမိုင်း ကြောင်းကြာရှည်သည့် ဆက်ဆံရေးသမိုင်းရှိသဖြင့် အခြားနိုင်ငံများထက် မြန်မာနိုင်ငံ၏ ထူး ခြား သောနိုင်ငံအခြေအနေကို ပိုမိုနားလည်ကာ မြန်မာနိုင်ငံအား ကူညီပေးရန် စွမ်းရည်နှင့် ဆန္ဒ ပိုမို ရှိကြကြောင်း၊ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းထက် ပိုလို လားသောသူ မရှိပါကြောင်း Mr. Wang Yi က ပြောကြားသည်။

မိမိတို့သည် စိတ်ရင်းအမှန်စေတနာဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအရှိန်လျော့ ပြန်လည်တည်ငြိမ် လာရေးကို ကူညီဆောင်ရွက်ပေးရန် မျှော်လင့်ပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရစေကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရသော စည်းသုံးခုကို ခိုင်မာစွာ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည် တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပ အင်အား စုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ပင်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံ ပြည်သူတစ် ရပ်လုံးကို မျက်နှာမူကြောင်း၊ မိမိတို့သည် ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ခြင်း အခြေခံမူကို အမြဲတစေလက်ကိုင်ထားပြီး မြန်မာနိုင်ငံက အချုပ်အခြာအာဏာနှင့် နိုင်ငံတစ်သားတည်းဖြစ်မှုအား ကာကွယ်ထိန်းသိမ်းရေးကို ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံက တွေ့ဆုံဆွေးနွေးမှုဖြင့် ပြည် တွင်းပြန်လည်သင့်မြတ်မှု ဖော်ဆောင်ရန် ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံက မိမိနိုင်ငံ အ ခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းရှာဖွေတွေ့ရှိမှုကိုအားပေးပါကြောင်း Mr. Wang Yi က ပြောဆိုသည်။

 

မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တရားဥပဒေနှင့် အညီ စနစ်တကျ ပြန်လည်ဖော်ဆောင်ရန် အတူတကွထောက်ခံအားပေးသွားဖြစ်ကြောင်း သိရ သည်။

 

မြန်မာနိုင်ငံဘက်က အဆိုပြုသည့် “ရှေ့လုပ်ငန်းစဉ်ငါးရပ်” တတိယဗားရှင်းသည် အဆိုပါရည်မှန်း ချက် ကို ဖော်ဆောင်ရန် အထောက်အကူပြုသဖြင့် နားလည်လေးစားပေးသင့်ကြောင်း၊ တစ်ချိန် တည်း တွင် “ရှေ့လုပ်ငန်းစဉ်ငါးရပ်” အသစ်နှင့် အာဆီယံ၏ “ဘုံသဘောတူညီချက်ငါးရပ်” ၏ ကိုက်ညီသည့်အချက်ကို တက်တက်ကြွကြွဆွေးနွေးကာ အပြန်အလှန်မြှင့်တင်၍ စုပေါင်းအင်အား အဖြစ်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ မြန်မာပြည်သူများ လက်ရှိအခက်အခဲ ကျော်ဖြတ်နိုင်ရန် အတူတကွထောက်ခံအားပေးရမည်ဖြစ်ကြောင်း Mr. Wang Yi က အကြံပြု တိုက်တွန်းခဲ့ကြောင်း သိရသည်။

 

နိုင်ငံအသီးသီးက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ကြို ဆိုပြီး မည်သည့်ကူညီမှုမဆို မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ဆန္ဒကို လေးစားသင့်ကြောင်း၊ ကူညီမှုများကို အတိုက်အခံပဋိပက္ခပြုလုပ်ရာတွင် အသုံးမပြုဘဲ ပြည်သူလူနေမှုဘဝကို အာမခံရာ၌ အမှန်တကယ်အသုံးပြုရမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ မြန်မာနိုင်ငံက မိမိစွမ်းရည်မြှင့်တင်ရန် ကူညီပေး၍ ပဋိပက္ခများဖြစ်ပွားမှုကို တားဆီး ရန်အတွက် အကျိုးရှိသော လူမှုရေးနှင့်စီးပွားရေး အခြေအနေဖန်တီးပေးရမည်ဖြစ်သည်ဟု ဆိုသည်။

 

တတိယအချက်မှာ အာဆီယံပုံစံဖြင့် မြန်မာနိုင်ငံ အရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းရန် အတူတကွ ထောက်ခံအားပေးခြင်း၊ အာဆီယံက စည်းလုံးညီညွတ်မှု ထိန်းသိမ်းထားမှုနှင့် အာဆီယံ၏ဗဟိုတည် နေရာကို ထောက်ခံအားပေးခြင်းနှင့် ဒေသတွင်းပြင်ပအင်အားများက အခြေအနေပျက်အောင် နှောင့် ယှက်ခြင်းကြောင့် ပဋိပက္ခပိုမိုဆိုးရွားလာမှုကို သတိထားရမည်ဖြစ်ကြောင်း Mr. Wang Yi က က ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *