MNDAA News

0 0
Read Time:1 Minute, 52 Second

လားရှိုးမြို့ အုပ်ချုပ်ရေးကောင်းမွန်စွာလည်ပတ်လာပြီဖြစ်ကြောင်း MNDAA ထုတ်ပြန်

 

D Day News

ဩဂုတ်လ ၁၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် ယခုအခါ လားရှိုးမြို့ အုပ်ချုပ်ရေးသည် ကောင်းမွန်စွာလည်ပတ်လာပြီဖြစ်ကြောင်း MNDAA က ဓာတ်ပုံမှတ်တမ်းများဖြင့် ထုတ်ပြန်သည်။

 

လားရှိုးမြို့လွတ်မြောက်ရေး ကြေညာချက်နှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ (၁)ရဲတပ် ဖွဲ့ ၏လုံခြုံရေးအဖွဲ့သည် လားရှိုးမြို့အတွင်းသို့ ဝင်ရောက်ပြီးနောက် လားရှိုးမြို့ လူထုလုံခြုံရေးကို ထိထိရောက်ရောက် အာမခံပေးထားကြောင်း၊ ဒေသထွက်ကုန်နှင့် လူနေမှုစနစ် မှာလည်း တဖြည်း ဖြည်း ပြန်လည်ကောင်းမွန်လာပြီး ဈေးများတွင်လည်း လူစည်ကားနေပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့မှ စစ်ဘေးရှောင်နေရသူများလည်း နေရပ်သို့ ပြန်လာကြသူများရှိပြီး စစ်ပွဲကြောင့် တိတ် ဆိတ်ခဲ့သည့်လမ်းများတွင် ယခုအခါ လူစည်ကားလာပြီဖြစ်ကာ မြို့တွင်း၌ စျေးများတွင်လည်း ဟင်း မျိုးစုံ၊ အသားများ၊ နေ့စဥ်သုံးပစ္စည်းများနှင့် နံနက်စာ သရေစာများ ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။

 

လားရှိုးမြို့သူမြို့သားများ၏ ထုတ်လုပ်မှုနှင့် ဘဝပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ပြည်သူတို့ အနာဂတ်ဘဝ ပိုမိုကောင်းမွန်သော မျှော်လင့်ချက်များလည်း ပြန်လည်ရှိလာကြပြီဖြစ် ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *