Phyu News

0 0
Read Time:3 Minute, 15 Second

ညောင်ပင်သာမြို့၊ ရွာလယ်ဘုန်းကြီးကျောင်းရှိစစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး၊ ကင်းပတ်ရထားတွဲကို မိုင်းဆွဲတိုက်ခိုက်မှု ရထားတွဲပျက်စီး

 

D Day News

ဩဂုတ်လ ၁၆

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ ရွာလယ်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ်ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၅ ရက် ညနေ ၅ နာရီ ၂၉ မိနစ်အချိန်က ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ ရွာ လယ်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဖြူးမြို့နယ် ပကဖမှ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦး နေရာ၌ ပွဲချင်းပြီးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သားများ၏ လက်နက်များကို ကောက် ယူရန် ကြိုးစားခဲ့သော်လည်း ဘန်ကာအတွင်းရှိ အကြမ်းဖက်စစ်သားများက ပြန်လည် ပစ်ခတ်နေ ခြင်း၊ စစ်ကူအင်အား အများအပြားရောက်ရှိလာခြင်းကြောင့် ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရ သည်။

အလားတူ ဩဂုတ်လ ၁၅ ရက် နံနက် အစောပိုင်း ၂ နာရီ ၁၄ မိနစ်နှင့် ၂ နာရီ ၄၁ မိနစ်အချိန်တွင် အ ဆိုပါ ဘုန်းကြီးကျောင်း၌ တပ်စွဲနေရာယူထားသော အကြမ်းဖက်စစ်သားများကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့မှ Drone ဖြင့် ဗုံးသီး ၂ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဖြူးမြို့နယ်၊ ဖြူးမြို့တောင်ဘက် ညောင်ကားယားကျေးရွာနှင့် ခမရ ၃၀၆ ကြား၌ ကင်းပတ် လာသည့် ရထားတွဲကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖြူးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၅ ရက် နံနက်အစောပိုင်း ၁၂ နာရီ မိနစ် ၅၀ အချိန်က ဖြူးမြို့တောင်ဘက်၊ ညောင်ကားယားကျေးရွာနှင့် ခမရ ၃၀၆ တပ်ရင်းကြားရှိ ရထားသံလမ်းအတိုင်း အကြမ်းဖက် စစ် ကောင်စီတပ် လက်နက်၊ ရိက္ခာတင် ရထားလာမည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် မိုင်းဆွဲတိုက်ခိုက် ရန်အသင့်ပြင်စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ စောင့်ဆိုင်းနေစဉ် ရိက္ခာပို့ရထားတွဲမလာမီ ကင်းပတ်ရထားတွဲမှ အရင်ရောက်ရှိလာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရထားထိခိုက်တိမ်းမှောက်ပျက်စီးသွားပြီး သေဆုံး၊ထိခိုက်ပျက်စီးအသေး စိတ် ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KLNA ၊ ၃၅၀၃ PDF တပ်ရင်း၊ အာဠာဝက စစ်ကြောင်းနှင့် ဖြူးမြို့နယ် ပကဖ တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *