Mon News

0 0
Read Time:1 Minute, 43 Second

သံဖြူဇရပ်မြို့နယ် ဘုရားကုန်းရွာအနီးနေရာယူထားသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၁၆

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘုရားကုန်းရွာအနီးတွင် နေရာယူထားသော အကြမ်းဖက်စစ်သား များကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၅ ရက် မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန် ရွာသစ်၊ဘုရားကုန်းရွာအနီးတွင် နေရာယူထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က လုပ်ဆောင်ခဲ့တာပါ၊ ရဲတံခွန်ရွာသစ်က စခန်းကြီးတို့နဲ့ နီးတယ်။ ဒီနေ့မနက်အထိ လက်နက် ကြီးတွေ ဆက်တိုက်ထုနေတုန်းပဲ။” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် KNLA တပ်ရင်း ၂၇ မှ ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ၃၇ လုံး ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *