MNDAA News

0 0
Read Time:2 Minute, 1 Second

လားရှိုးမြို့မှ ဖမ်းဆီးရရှိသော မင်းအောင်လှိုင်စစ်တပ် မိသားစုဝင် ၁၈၅ ဦးကို ၇ ကြိမ်မြောက် လွှတ် ပေး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဖမ်းဆီးရရှိသော မင်းအောင်လှိုင်စစ်တပ်၏ မိသားစုဝင် ၁၈၅ ဦးကို ၇ ကြိမ်မြောက်လွှတ်ပေးလိုက်ကြောင်း MNDAA က ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁၃ ရက်နေ့က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရရှိသော မင်းအောင်လှိုင်စစ်တပ်၏ စစ်သားများနှင့် မိသားစုဝင် ၁၈၅ ဦးကို ထပ်မံစေလွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အသုတ်လိုက်ခွဲပြီး စေလွှတ် ပေးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ စေလွှတ်ပေးသည့် အကြိမ်ပေါင်း အနည်းဆုံး ၇ ကြိမ်မြောက်ရှိကာ လူဦးရေ ၂၀၀၀ ကျော်စေလွှတ်ပေးပြီးဖြစ်ကြောင်း MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဩဂုတ်လ ၁၄ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၂၉၆ ဦး ၊ ဩဂုတ်လ ၁၁ ရက်နေ့က ပြင်းထန်ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦးကိုလည်း MNDAA က လွှတ် ပေးခဲ့ပြီး ထိုသို့လွှတ်ပေးရာတွင် SSPP နှင့်ချိတ်ဆက်ကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ခရီးစရိတ် အ ဖြစ် စစ်သုံ့ပန်းမိသားစု တစ်စုလျှင်‌ငွေကျပ် ၅ သောင်းစီပေးအပ်ကြောင်း သိရသည်။

 

MNDAA တပ်ဖွဲ့သည် ဩဂုတ်လ ၆ ရက်နေ့ကစတင်ပြီး လားရှိုးမြို့မှ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း နှင့် မိသားစုဝင်များကို ပြန်လွှတ်ပေးလျက်ရှိရာ လက်ရှိချိန်တွင် စစ်သုံ့ပန်း မိသားစုဝင် ၂၀၀၀ ကျော်နှင့် စစ်သုံ့ပန်း ၃၄၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *