Htilin News

0 0
Read Time:2 Minute, 3 Second

ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူအမျိုးသမီး တစ်ဦးသေဆုံးပြီး အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၁၆

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသမီးတစ်ဦးသေဆုံးပြီး အသက် ၁၁ နှစ်အ ရွယ်ကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ် ယောအလင်းတန်း ထံမှ သိရသည်။

 

ဩဂုတ်လ ၁၄ ရက် ည ၇ နာရီ ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ထီးလင်းမြို့နယ်၊ တောမရွာ လမ်း ခွဲရှိ ဈေးဆိုင်များ၊ လူနေအိမ်များပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ် စီးဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၃၆ နှစ်အရွယ် မတင်တင်အေး နေရာမှာပင် သေဆုံး သွားပြီး အသက် ၁၁ နှစ်နှင့် ၂၃ နှစ်အရွယ် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

“အဲဒီနေရာက ရွာမဟုတ်ဘူး။ ရွာနဲ့က နည်းနည်းဝေးတယ်။ လမ်းဆုံနေရာ၊ ဈေးဆိုင်တွေဖွင့်ပြီး ဈေး ရောင်းနေကြတာ။ ဘာတိုက်ပွဲမှာ မရှိပဲ ဗုံးလာကျဲသွားတာ၊ ကျဲသွားတာက တစ်လုံးပဲ။ လူနေ အိမ် တစ်လုံးလဲ ပျက်စီးသွားတယ်၊ အမျိုးသမီး တစ်ဦးသေတယ်။ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်” ဟု ယောအလင်းတန်းမှာ ကိုဘကောင်းက ပြောကြားသည်။

 

ထီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၂၀၂၃ ခုနှစ်တွင်  ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *