Gangaw News

0 0
Read Time:2 Minute, 2 Second

ကျောတိုက်နယ်အတွင်းရှိ MOGE ရေနံမှော် ကင်းစခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ဗိုလ်ကြီး အပါအဝင် စစ်သား၊ ရဲ ၁၂ ဦး သေဆုံးပြီး ၁၂ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၀ ကျော်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၆

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းရှိ MOGE ရေနံမှော်ကင်းစခန်း ၂ ခုကို တိုက် ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၁၂ ဦးသေဆုံးပြီး ၁၂ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၀ ကျော်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းရှိ ကပစ ၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒုရဲအုပ် ကိုကိုအောင်ပါ ဦးစီးပြီး တပ်စွဲထားသော MOGE ရေနံမှော်ကင်း စခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီး သော် ဇင်အောင်နှင့်ဒုရဲအုပ်ကိုကိုအောင်ပါ ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင်ကပစ-၂၃ မှ ဒု-အရာခံဗိုလ် ဝင်းမြင့်ထွန်းအပါ ၁၂ ဦးနှင့်အတူ လက်နက်မျိုးစုံ အလက် ၃၀ ၊ ကျည်မျိုးစုံ အတောင့် ၂၆၀၀ ကျော်၊ မိုင်း ၇ လုံး၊ ဗုံးသီး ၆ လုံးနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉) ၊ ABSDF ၊ KKG တပ်ရင်း (၄၊ ၅၊ ၆) ၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နှင့် ကျော တိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန် ရေး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *