GanGaw News

0 0
Read Time:2 Minute, 32 Second

ဂန့်ဂါမြို့နယ်၊ လုံခြံရွာ၊ မကျည်းခင်ရွာတို့ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ့နေအိမ် ၃ လုံး ထက် မနည်းကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ကား၊ ဆီပေပါများနှင့်ရိက္ခာပစ္စည်းများ ခိုးယူ

 

D Day News

ဩဂုတ်လ ၁၆

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လုံခြုံရွာနှင့် မကျည်းခင်ရွာတို့ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ထိုးပြီး ပြည်သူ့နေအိမ် ၃ လုံးထက် မနည်းကို မီးရှို့ဖျက်ဆီးကာ ကား၊ ဆီပေပါများအပါ အဝင်ပြည်သူ ပိုင်ပစ္စည်းများကိ ခိုးယူသွားကြောင်း ဒေသသတင်းရင်းမြစ် ယောအလင်းတန်းထံမှ သိရသည်။

 

ဩဂုတ် ၁၄ ရက် နေ့က ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ထွက်လာသော အ ကြမ်းဖက်စစ်ကြောင်းသည် လုံခြုံရွာမှ ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် လုံခြုံရွာနှင့်မကျည်းခင်ရွာကြားတွင် ပြည်သူပိုင် ပန့်ဆီဆိုင်မှ ဆီပေပါများ၊ ပြည်ပိုင် စားသောက်ကုန် များကို ကား ၄ စီးဖြင့် ခိုးယူသယ်ဆောင်သွားကြောင်း သိရသည်။

 

“လုံခြုံရွာမှာ မီးရှို့ခံရတဲ့နေအိမ်က ၃  လုံး၊ တစ်လုံးကတော့ လုံးဝပြာကျသွားတယ်။ ပြီးတော့ လုံခြုံ ရွာနှင့်မကျည်းခင်ရွာကြားထဲမှာရှိတဲ့ ပန့်ဆီဆိုင်က ဆီပေပါတွေကို ကား ၂ စီးနဲ့သွားတယ်၊ ပြီးတော့ ပြည်သူပိုင် ရိက္ခာခြောက်နဲ့ အသုံးစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ကား ၂ စီးနဲ့ သယ်သွားတယ်လို့ သိရပါတယ်။ ဂန့်ဂေါမြို့က ခလရ ၅၀ တပ်ထဲကို သယ်သွားတာပါ” ဟု ယော အလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။

 

ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းအတွင်းထဲမှ ဂန့်ဂေါမြို့ အနီး တဝိုက်ရှိ ကျေးရွာများ၊ မြစ်သာမြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး အနီး မိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသည့် နေရာ များသို့ ပြောင်းရွှေ့ကာ သတိဖြင့်နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Photo- အကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးသဖြင့် ပျက်စီးသွားသော လုံခြုံရွာမှ ပြည်သူ့နေအိမ် တစ်လုံး

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *