Bago News

0 0
Read Time:1 Minute, 56 Second

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း ကျွန်းသစ်များအား ခုတ်ယူခိုးထုတ်နေသူများကို ဖမ်းမိ၊ ထပ်မံ ခုတ် ယူခြင်း မပြုလုပ်ရန် သတိပေးပြန်လွှတ်

 

D Day News

ဩဂုတ်လ ၁၆

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း ကျွန်းနုပင်များကို ခုတ်ယူခိုးထုတ်နေသူများအား ဖမ်းမိခဲ့ ပြီး ထပ်ခံခုတ်ယူခိုးထုတ်ခြင်းမပြုလုပ်ရန် သတိပေးပြောဆိုကာ ပြန်လွှတ်ပေးလိုက်ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီခန့်က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးအတွက် ကင်းလှည့်နေစဥ် ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ် ၅၆ နှင့် ၅၇ အတွင်းရှိကျွန်းနုပင်များအား ခုတ်ယူ သယ်ဆောင်နေကြသည့် သစ်ခိုးထုတ်နေသူများကို တွေ့ရှိ၍ ၎င်းကျွန်းနုပင်များအား ထပ်မံခုတ် ယူခြင်း မပြုလုပ်ကြရန် သတိ​ပေးပြောဆိုကာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တော သယံဇာတ များအားလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များအား ခိုးထုတ်မှုများကို မပြုလုပ်ကြရန်နှင့် ကျွန်းနုပင်များအား ခိုး ထုတ်သူများကို လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *