Yesagyo News

0 0
Read Time:2 Minute, 30 Second

ရေစကြိုမြို့နယ်၊ ကိုရင့်ရွာစာသင်ကျောင်းထဲသို့ ဝင်ရောက်လာသည့် စစ်သား၊ ပျူစောထီးများကို ရော့ ကတ်လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

D Day News

ဩဂုတ်လ ၁၅

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုရင့်ရွာ စာသင်ကျောင်းထဲသို့ ဝင်ရောက်လာည့် စစ်သား၊ ပျူစောထီး များကို ရော့ကတ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၃ ရက် ညနေ ၅ နာရီ ၄၃ မိနစ်အချိန်ကရေစကြိုမြို့နယ်၊ ဟင်္သာရွာမှ အကြမ်း ဖက်စစ်သား၊ ပျူစောထီးများသည် ကိုရင့်ရွာ၏ စာသင်ကျောင်းထဲသို့ ဝင်ရောက်လာသဖြင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး Rocket လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ် မှတ်ကို တိကျစွာ ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အများအပြား ထိခိုက်မှု ရှိကြောင်း သိရသည်။

“လက်ရှိအထိ အဲဒီရွာထဲမှာပဲ ရှိသေးတယ်။ အထိုင်ချဖို့တော့မဟုတ်ဘူး။ အဲဒီရွာ အနီးအနား ပတ်ဝန်း ကျင်းကို စစ်ကြောင်းထိုးလာတာ၊ လေယာဉ်နဲ့ အဲဒီရွာတဝိုက်ကို ပျံဝဲစောင့်ကြည့်နေတယ်၊ ပစ်တော့ မပစ်ဘူး။ တခြားအဖွဲ့တွေကလည်း ဒရုန်းနဲ့ ဗုံးချတာတွေတော့ရှိတယ်။ သေဆုံးထိခိုက်မှုကတော့ ရှိတယ်လို့ ပဲ သိရတယ်၊ အတိအကျတော့ မသိရသေးဘူး” ဟု Young Force – UG တပ်ဖွဲ့မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံကို ပိန်က ပြောကြားသည်။

 

လွန်ခဲ့သောရက်သတ္တပတ်အတွင်းက ကိုရင့်ရွာကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်သား၊ ပျူစောထီး များက ဝင်ရောက်ပြီး ပြည်သူ့ နေအိမ် ၂၃ လုံးကို အကြောင်းမဲ့ မီးရှိခဲ့သဖြင့် ပြည်သူများ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာတစ်ရွာဖြစ်ပြီး ယခုအချိန်အထိ ပြည်သူများမှာ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ Young Force UG၊ Cobra One၊ Taty-Pku၊Thurain-TR နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *