TNLA News

0 0
Read Time:1 Minute, 46 Second

နောင်ချိုနှင့်သီပေါမြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ၁၇ ကြိမ်ကျဲချတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၁၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၁၇ ကြိမ်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၅ ရက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း – ၂ ၊ ၅၂ ရက်မြောက်နေ့တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးတဝိုက်၌ တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် တပ်မ ၉၉ လက် အောက်ခံ ခမရ ၃၀၂ တပ်ရင်း၊ အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၂၅ တပ် ရင်း ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၀၆ တပ်ရင်းတို့နှင့် TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နောင်ချိုမြို့နယ်တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်မှ  Jet Fighter ဖြင့် ၁ ကြိမ် ဗုံး ၂ လုံး လာ ရောက်ကျဲချခဲ့ကြောင်း သိရသည်။

 

အလားတူ တပ်မဟာ ၂ နယ်မြေ သီပေါမြို့၌ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ  ခလရ ၂၃တပ်စခန်းနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁၆ ကြိမ်ကို  ဗုံးသီး ၁၁၃ လုံး လာရောက်ကျဲချခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *