Pakokku News

0 0
Read Time:1 Minute, 57 Second

ပခုက္ကူလေယာဉ်ကွင်းအနီးရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေပြီး သေ နတ် ၂ လက်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူလေယာဉ်ကွင်းအနီး အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Southern YSO PDF ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီမိနစ် ၃၀ အချိန်က ပခုက္ကူမြို့ လေယာဉ်ကွင်းအနီး ကျေး ရွာတွင် အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲကာ ဂိတ်စခန်းဖွင့်ထားသော အကြမ်းဖက်စစ်သားများကို နတ်မိချောင်း စစ်ဆင်ရေးအဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား  ဦး သေဆုံးပြီး G3 အမျိုး အစား သေနတ် ၁ လက်၊ MA 11 အမျိုးအစား သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်သား ၁၀၀ ကျော်သည် ပခုက္ကူလေယာဉ်ကွင်း ပြန်လည်ပြုပြင်ရေး စီမံကိန်း ကြောင့် ရောက်ရှိလာခြင်းဖြစ်ပြီး Southern YSO PDF အဖွဲ့၏ “နတ်မိချောင်းစစ်ဆင်ရေး” စစ် ကြောင်းမှ ဦးစီးကာ ပူးပေါင်းမဟာမိတ်များနှင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများအနေဖြင့် အချိန်မနှောင်းမီ ပြည်သူလူထုနှင့် ပူးပေါင်းရန် Southern YSO PDF က ဖိတ်ခေါ်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG) ၊ King Cobra ၊ ပြည်သူ့အားမာန် PDF နှင့် တပ်ရင်း ၁၆ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *