NUG News

0 0
Read Time:4 Minute, 1 Second

အကြမ်းဖက်စစ်အာဏာရှင်သည် အရှင်ထွက်ရိုးထုံးမရှိသဖြင့် ၎င်းတို့ထုတ်လွှင့်သည့် သတင်းအတု အယောင်များ၌ စီးမျောမသွားမိစေရန် ဂရုပြုဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင် သန်း သတိပေး

 

D Day News

ဩဂုတ်လ ၁၅

 

အကြမ်းဖက်စစ်အာဏာရှင်သည် အရှင်ထွက်ရိုးထုံးစံမရှိသဖြင့် ၎င်းတို့ထုတ်လွှင့်သော သတင်းအတု အယောင်များ၌ စီးမျောမသွားမိစေရန် ဂရုပြုဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက သတိပေးပြောကြားသည်။

 

ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၄) ၌ အဖွင့်အမှာ စကားပြောကြားရာတွင် ၎င်းက ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျဆုံးချိန်လည်း တဖြေးဖြေးနီးကပ်လာတာ နဲ့အမျှ ကျွန်တော်တို့ရဲ့ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့်နှေးစေဖို့ သပ်လျှို လုပ်ဆောင်နေမှုများကိုလည်း တော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့နဲ့ မူလရည်မှန်းချက် မပျောက်ပျက်စေဖို့၊ မ တွေဝေစေဖို့ ဂရုတစိုက် ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါတယ်၊ အကြမ်းဖက်စစ်အာဏာရှင်ဆို တာ ဘယ်တော့မှ အရှင်ထွက် မထွက်တာဖြစ်လို့ သူတို့ဘက်က ထုတ်လွှင့်တဲ့ သတင်းအတုအယောင် တွေမှာ လိုက်ပါ စီးမျောမသွားမိစေဖို့ ဂရုပြုဆောင်ရွက်ကြပါလို့ မှာကြားလိုပါတယ်” ဟု ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ပြောကြားသည်။

ထို့အပြင် တော်လှန်ရေးစစ်ပွဲကာလဖြစ်သဖြင့် စစ်တိုက်နေကြသည့် အဖွဲ့များအတွက် လက်နက်ခဲ ယမ်း၊ မီးကျောက်၊ ရိက္ခာများ အရေးကြီးလိုအပ်မည်ဖြစ်ကြောင်း၊ အလားတူ စစ်ဘေးရှောင်ကြသည့် ပြည်သူများအတွက်လည်း စားနပ်ရိက္ခာ၊ ဆေးဝါးများကို ဦးစားပေးအဆင့်ရရှိရမည်ဖြစ်ကြောင်း၊ ထိ့ အပြင် နယ်မြေထိန်းသိန်းနိုင်မှု လုပ်ငန်းအတွက် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးသည် အခရာကျ သဖြင့် ဝန်ထမ်းအရင်းအမြစ်များကို ကြိုတင်လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း ပြည်ထောင် စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အထူးမှာကြားသည်။

 

“တော်လှန်စစ်ကာလမှာ စစ်တိုက်ကြတဲ့ အဖွဲ့တွေအတွက် လက်နက်၊ ခဲယမ်း၊ မီးကျောက်နဲ့ ရိက္ခာ တွေက အရေးအကြီးဆုံးဖြစ်သလို၊ စစ်ရှောင်ကြတဲ့ ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ဆေး ဝါး တွေကလည်း ဦးစားပေးအဆင့်မှာရှိရမှာဖြစ်ပါတယ်၊ နယ်မြေထိန်းသိမ်းနိုင်မှုလုပ်ငန်းတွေအ တွက် ဆိုရင် လည်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက အခရာကျတာ ကြောင့် ဒီကဏ္ဍတွေမှာ တာဝန်ယူကြမယ့် ဝန်ထမ်းအရင်းအမြစ်တွေကို ကြိုတင်လေ့ကျင့် သင်ကြား ပေးကြဖို့နဲ့ လိုအပ်တဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေကလည်း ရှိနေရမှာဖြစ်ပါကြောင်း။တဆက်တည်းသိမ်း ပြီးတဲ့မြို့နယ်တွေမှာ ပြည်သူပိုင်ပစ္စည်းတွေကို ထိန်းသိမ်းနိုင်ဖို့ ရုံးပိုင်းဆိုင်ရာ အရေးကြီးပစ္စည်းတွေ ထိန်းသိမ်းနိုင်ဖို့ အတွက်လည်း ဝန်ကြီးဌာနအလိုက် လိုအပ်တဲ့ညွှန်ကြားချက်တွေ စီမံပေးကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *