တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ် အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ၀မ်ရိက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သတိပေးပြောဆို
D Day News
ဩဂုတ်လ ၁၅
တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ် အ ပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ၀မ်ရိက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ကို သတိပေးပြောဆိုခဲ့ တရုတ်အစိုးရ သတင်းဌာနက ဖော်ပြချက်အရ သိရသည်။
ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ် နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက် ဖက် ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ် နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း ဝမ်ယိက မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံ ပြည်သူတစ်ရပ် လုံး ကို မျက်နှာမူကြောင်း၊ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်းမူကို ခိုင်မာစွာ လက်ကိုင်ထားပြီး မြန်မာ့နိုင်ငံရေးအစဉ်အလာနှင့် မြန်မာဘက်က မိမိနိုင်ငံ၏အခြေအနေအရ ရွေးချယ်သည့် ဖွံ့ဖြိုးတိုး တက်ရေးလမ်းစဉ်ကို လေးစားသည်ဟု ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ် တည်မှု နှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် အခိုင်အမာ ထောက်ခံပါ ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာနိုင်ငံက အား ထားဆောင်ရွက်နေခြင်းအား အခိုင်အမာ ထောက်ခံသလို ဖွဲ့စည်းပုံအခြေခံဥပဒေမူ ဘောင် အောက် မှ ရှေ့လုပ်ငန်းစဉ်သစ် (၅) ရပ်ကို တွန်းအားပေးဆောင်ရွက်နေခြင်းအား အခိုင်အမာ ထောက်ခံ ကြောင်း ၊နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင် ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်း သော လမ်းကို ရှာရမည်ဖြစ်ကြောင်း ဝမ်ယိက ပြောဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင် ရွက်သွားလိုကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီး များ အတူတည်ဆောက်ရေးဖော်ဆောင်မှုကို အရှိန်မြှင့်ရန်၊တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ် ငွေ့ ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆို ထားသည်။
မြန်မာနိုင်ငံ၏ ပြည်သူ့နေထိုင်မှုဘဝကို ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး လက်တွေ့အကျိုးရလဒ်များ ပိုမို ရရှိရေး တွန်းအားပေး ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာန Xinhua ကဖော်ပြ ထားသည်။
Photo – မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန် ကြီး ဝမ်ရိတို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
D Day News