Homalin News

0 0
Read Time:2 Minute, 14 Second

ဟုမ္မလင်းတွင် စစ်ရေယာဉ် အုပ်စုကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်သင်္ဘောတစ်စီး ထိမှန်ပျက်စီး(ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၅

 

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်သို့ ဆိုက်ကပ်လာသော စစ်ကောင်စီ၏ စစ်ရေယာဉ် အုပ်စုကို တော် လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်းတော်လှန်ရေး သတင်းရင်း များထံက သိရသည်။

 

ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်၊ သောင် သွပ်ရွာ အနီးရောက်ရှိလာသည့် စစ်ရေယာဉ် ၁၅ စီးကို ခန္တီးခရိုင်တပ်ရင်း ၁နှင့် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းခဲ့ရာ ဖလပ်တစ်စီး ထိမှန်ပျက်စီးပြီး စက်ရပ်သွားကြောင်း သိရ သည်။

ယင်းစစ်သင်္ဘောအုပ်စုသည် သောင်သွပ်ကျေးရွာကို ဖြတ်ကျော်ပြီး ယခုအခါ ရွှေပြည်အေးမြို့ အနီးသို့ ရောက်ရှိ နေကြောင်း၊ ရွှေပြည်အေးမြို့ အထက်ဘက်တွင်လည်း ဟုမ္မလင်းခရိုင်တပ်ရင်း၂ အဖွဲ့က ဆက်လက်တိုက်ခိုက်ရန် စီစဉ်ထားကြောင်း သိရသည်။

 

“စခတွေက စစ်ရေယာဉ်ကနေ ကျေးရွာတွေနဲ့ စိုးမိုးကုန်းနေရာတွေကို လက်နက်ကြီးတွေ၊ ပွိုင့် 5 တွေ နဲ့ မနားတမ်း လှမ်းပစ်တယ်။ တော်လှန်ရေးတပ်တွေကလည်း ရှော့တိုက်ဒုံး၊ 89 မမ တွေနဲ့ ပြန် ပစ်တာ ဖလပ်တစ်စီး စက်ပျက်ပြီး ရပ်သွားလို့ အခြား စစ်ရေယာဉ်တွေနဲ့ တွဲခေါ်သွားတယ်။ ကိုယ့် ဘက်က ရဲဘော်တွေတော့ အထိအခိုက်မရှိဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြား သည်။

 

ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရှမ်းနီSNA များနှင့်ပူးပေါင်း၍ စစ် ကြောင်းထိုးမှုများရှိ နေပြီး လက်ရှိတွင် တော်လှန် ရေးတပ်များက ဟုမ္မလင်းမြို့နယ် နေရာအများစုကို ထိန်းချုပ်ထား ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *