TNLA News

0 0
Read Time:3 Minute, 44 Second

နောင်ချိုနှင့်သီပေါ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ၂၁ ကြိမ် ဗုံးကြဲ တိုက်ခိုက်၊ သီပေါ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ကြောင့် ၅ ရက်အတွင်း ပြည်သူ ၁၁ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၁၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်ကျူးလွန်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၄ ရက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၅၁) ရက်မြောက်နေ့တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာနှင့် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ အ ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယင်းအကြမ်းဖက်စစ်တပ် တပ်ရင်းများမှာ တပ်မ (၉၉) လက်အောက်ခံ ခမရ(၃၀၂)တပ်၊ အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅) တပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတို့ဖြစ်ကြောင်း သိရသည်။

အလားတူ တပ်မဟာ (၂)နယ်မြေ သီပေါမြို့ ခလရ (၂၃) တပ်စခန်းနေရာတွင် တိုက်ပွဲဆက်လက် ဖြစ်ပွား လျက်ရှိပြီး စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၆)ကြိမ် ဗုံး (၁၂၄) လုံး လာရောက်ကြဲချခဲ့ကြောင်း၊ ထို့အပြင် နောင်ချိုမြို့နယ်တိုက်ပွဲအတွင်း၌ စစ် ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁)ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချခဲ့ကြောင်း သိရ သည်။

 

တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ သီပေါမြို့တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား ပြည်သူ (၁၁) ဦးသေဆုံးခဲ့ပြီး (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ဩဂုတ်လ ၉ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ ၅ ရက်အတွင်း သီပေါမြို့နယ်၊ ကျောင်းစု၊ အုတ် ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့်နမ့်ပေါ့ချောင်း သို့ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၄) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် သီလရှင်(၁)ပါးနှင့် ကလေးငယ်(၁)ဦးအပါအဝင် ဒေသနေ ပြည်သူ (၁၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါ ဒေသရှိ မြို့ခံပြည်သူများ ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်သို့ စစ်ဘေးရှောင် နေ ကြရကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် မြောက်ပိုင်းညီနောင်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း (ရမခ)အပါအဝင် မြို့ များစွန့်လွှတ်ခဲ့ရပြီး စစ်ရှုံးနေသည့်အပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ရှုံးမဲမဲကာ ပြည်သူ လူထုကို ဦးတည်၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကာ စစ်ရာ ဇဝတ်မှုကို ပြောင် ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *