Shwe Bo News

0 0
Read Time:4 Minute, 0 Second

ရွှေဘိုမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ၄ ကြိမ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၁၄

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့မှ အောင်ချမ်းသာရွာဘက်ကို စစ်ကြောင်းထိုးထားသော အကြမ်းဖက်စစ်သားများကို ၄ ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက ရွှေဘိုမြို့မှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အ ကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှားတောကျေးရွာဘေး အတိုင်း အောင်ချမ်းသာကျေးရွာ ဘက်သို့ ထွက်လာခဲ့ကြောင်း၊ ထိုသို့ ဆက်လက်ထွက်ခွာလာသည့် အကြမ်းဖက်စစ်သားများကို နံနက် ၂ နာရီခန့်အချိန် သရက်ခြံထဲအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်၌ အောင်ချမ်းသာကျေးရွာအနီး ဆန်စက်ဟောင်း၌ နေရာယူ စဉ် ၄၅ မိနစ်ခန့်အကြာ ထိတွေ့တိုက်ပွဲတစ်ကြိမ်၊ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ၁ နာရီခန့်အကြာ ထိတွေ့တိုက်ပွဲ တစ်ကြိမ်နှင့် ညနေ ၆ နာရီ ခန့်တွင် ၁ နာရီခန့်အကြာ ထိတွေ့တိုက်ပွဲ တစ်ကြိမ် စုစု ပေါင်း ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အထိနာသော အကြမ်းဖက်စစ်သားများမှာ ရွှေဘိုမြို့ထဲသို့ ပြန်ဆုတ်ပြေး သွားကြောင်း သိရသည်။

 

“ထိတွေ့တိုက်ပွဲက ၄ ကြိမ်ဖြစ်တာ၊ မနက် ၂ နာရီခွဲ၊ မနက် ၉ နာရီခွဲ၊ ညနေ ၄ နာရီ၊ ညနေ ၆ နာရီ စုစုပေါင်း ၄ ကြိမ်၊ စစ်ကြောင်းက တစ်ကြောင်းထဲပဲ အင်အားက ၃၀ ကျော်တယ်၊ လက်နက်တွေ‌ တော့မရခဲ့ဘူး။ အလောင်းက ၃ လောင်းရရမှာ၊ တစ်လောင်းက အရာရှိလား မသိဘူး။ အလက်တွေ မပါနဲ့ ၂ ယောက်ကနေ ဇွတ်လာဆွဲပြီးယူလို့ ၂ လောင်းပဲ ရခဲ့တာ။ ကျန်တဲ့ ၄ လောင်းကို ရွှေဘိုမုခ် ပေါက်မှာ မီးသင်္ဂြိုလ်သွားတယ်။ အခုအင်အား ၃၀ ကျော်ထဲမှာ အခုမှ သင်တန်းဆင်းလာတဲ့သူတွေ ရောပါတယ်။ သင်တန်းဆင်းလာပြီးတော့ သင်တန်းမှာ မှတ်ထားတဲ့ မှတ်စုစာအုပ်တွေရော ရထား တယ်။” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲ ၄ ကြိမ်အတွင်းအကြမ်းဖက်စစ်သား ၆ ဦးသေဆုံးကာ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာတွင် စစ်သား အလောင်း ၂ ကျန်ခဲ့ပြီး ဆွဲယူရရှိသွားသောစစ်သား အလောင်း ၄ လောင်းကို ရွှေဘို မြို့မုခ်ပေါက်ဝ၌ မီးရှို့သင်္ဂြိုလ်ခဲ့ကြောင်း၊ ထို့အပြင် ဒဏ်ရာရ စစ်သား ၉ ဦးကို ရွှေဘိုမြို့နယ်ဆေးရုံသို့တင်ပို့ ကုသထားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၂ Fight For Freedoom ၊ နဂါးမင်း၊ တောကျီးကန်း၊ ခွပ်ဒေါင်း ရာဇာနှင့် တာနောယက္ခအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း အနေဖြင့် ရှမ်း -မန်းစစ်ဆင်ရေးတွင် တိုက်ပွဲဝင်လျက်ရှိပြီး နောက် ချန်တပ်ရင်းရှိ ရဲဘော်များကလည်း မနားမနေ ကြိုးစားကာ တိုက်ပွဲဖော်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *