Shwe Bo News

0 0
Read Time:2 Minute, 13 Second

ရွှေဘို – မန္တလေးကားလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၄

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို -မန္တလေးလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၃ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်က ရွှေဘိုမြို့ တောင်ဘက် မုခ်ပေါက် မှ အကြမ်းဖက်စစ်သား အင်အား ၅၀ ခန့်သည် ရွှေဘို -မန္တလေးလမ်းအတိုင်း အောင်ချမ်းသာကျေးရွာ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် အသင့်စောင့်ဆိုင်းနေသော ရွှေဘိုမြို့နယ်တိုက်နယ် – ၅ ပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် တိုက်နယ် – ၅ နယ်မြေခံပကဖများမှ ပူးပေါင်း၍ မီတာ ၁၀၀ ဝန်းကျင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားများ အထိနာကာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ‌ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြေင်း သိရသ်ည။

အလားတူ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် ရွှေဘို -မန္တလေး ကားလမ်းမပေါ် အောင်ချမ်းသာရွာ သစ်အရှေ့ဘက် ဆန်စက်ဟောင်းအတွင်း ဝင်ရောက်နားနေစဉ် မီတာ ၅၀ အကွာအဝေး မှ အနီး ကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတိုက်ခိုက်ရေး (PDO) အဖွဲ့၊ တိုက်နယ် (၅) ပကဖ တိုက် ခိုက်ရေးအဖွဲ့ ၊ တိုက်နယ် (၅) ရပ်ကျေးပကဖများနှင့် တိုက်နယ် (၅) ပကဖ Fixed Wings Drone အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးမစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *