Salin News

0 0
Read Time:1 Minute, 44 Second

စလင်းမြို့နယ်၊ ပေါက်မရွာဘက်သို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၄

 

မကွေးတိုင်း စလင်းမြို့နယ်၊ ပေါက်မရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက် မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၆၀ ဝန်းကျင်ဖြင့် စလင်းမြို့နယ်၊ ပေါက်မရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိပြီး သေဆုံးစာရင်း သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အထိနာသော အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးမစိုး ရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်သားများမှာ လင်းဇင်းရဲထဲသို့ ဆုတ်ခွာသွားကြောင်း သိ ရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မိုးကြိုး ပြောက်ကျား တပ်ရင်း ၁၀၁ ၊ဒေါင်းစစ်အောင် LPDF နှင့် စလင်း(ပကဖ) တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *