Natogyi News

0 0
Read Time:2 Minute, 22 Second

နွားထိုးကြီးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံး၊ ၃ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၇ သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၄

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၃၀ ကျော်သေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက် နက် ၂၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁၀ ရက် နံနက် ၅ နာရီအချိန်မှစ၍ Myingyan District Special Operation (MDSO) အ ဖြစ် နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံး၊ မြို့အရှေ့ဘက်အထွက် ဂိတ်၊ ဆောက် လုပ်ရေးရုံး၊ နားမည်ဆိုးဖြင့်ကျော်ကြားနေသော အေးကျောင်းတို့ရှိ အကြမ်းဖက်စစ်သားများကို ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ကြောင်း ၅ ကြောင်းခွဲပြီး တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်မှုအတွင်း မြို့ကို အချိန်ပိုင်းထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေခြင်း၊ မြို့ကို ရှေရှည်ထိန်းချုပ်ထားနိုင်ရန် နယ်မြေ အနေအထားအရ အခက်အခဲရှိခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခဲ့ပေးခဲ့ရကြောင်း သိရသည်။

 

ယင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ ၃ ဦးအရှင် ဖမ်းမိခဲ့ပြီး လက် နက်မျိုးစုံ ၂၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိူင် အမှတ် ၄ တပ်ရင်းနှင့် အတူ၊ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်း (NRDF) ၊ နွားထိုးကြီးမြိုနယ် (ပကဖ)၊ တံတားဦးမြို့နယ် (ပကဖ) နှင့် မြင်းခြံခရိုင် ဒရုန်း အဖွဲ့ (MDDS) တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းမှ တပ်ခွဲမူး ကိုသွန်းထက် ရဲရင့်စွာ အသက်ပေးလှူသွားခဲ့ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *