Minhal News

0 0
Read Time:2 Minute, 28 Second

မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာနေပြည်သူများကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန်လူစု၊ ဆက် ကြေးကောက်နေသည့် ရာအိမ်မှူး ထွန်းထွန်းတို့ ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဩဂုတ်လ ၁၄

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ဇရစ်မျှောင်ကျေးရွာနေပြည်သူများကို အ တင်းအဓမ္မစစ်မှုထမ်းခိုင်းရန် လူစု၊ ဆက်ကြေးကောက်နေသည့် ရာအိမ်မှူး ထွန်းထွန်း ကိုပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၄ ရက နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ဇရစ်​မျှောင်ကျေးရွာနေ ရာအိမ်မှူး ပျူထွန်းထွန်းကို နေအိမ်အတွင်း၌ ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ရာ သေနတ် ၂ ချက်ထိမှန် သေဆုံးသွားပြီး ၎င်းထံမှ လက်ပစ်ဗုံး ၁ လုံး၊ မိုဘိုင်းဖုန်း ၂ လုံးတို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက်စစ်တပ် ထောက်တိုင် များ ကို ပြင်းပြင်းထန်ထန်အရေးယူသွား မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါထောက်တိုင်များအနီး ၌ သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် အသိပေးမေတ္တာရပ်ခံထားသည်။

 

ရာအိမ်မှူး ထွန်းထွန်းသည် တော်​လှန်​ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များ​အား အကြမ်းဖက်စစ်တပ်ထံ ထောက်​လှမ်း​သတင်းပို့ခြင်း၊ အကြမ်းဖက်စစ်သားများအား ၄င်း၏ ကားဖြင့် အကြိုအပို့ လုပ်ပေးခြင်းနှင့် ရိက္ခာများ ဝယ်ယူပေးခြင်း၊ အကြမ်းဖက်စစ်တပ်အလိုကျ ပြည်သူများ အား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ပြု လုပ်နေသောကြောင့် ယခုကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *