ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဝင်းသူကို ကျည်ဆံများရောင်းစားမှုအပါအဝင် အမှုများ စွာဖြင့် စစ်ကောင်စီတပ်က ကြိုးတုတ်ပြီး ရဟတ်ယာဉ် ဖြင့် ဖမ်းဆီးခေါ်ဆောင်
D Day News
ဩဂုတ်လ ၁၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဝင်းသူကို PDF ထံ ကျည်ဆံများ ရောင်း စားမှုအပါအဝင် အမှုများစွာဖြင့် စစ်ကောင်စီတပ်က ကြိုးတုတ်ပြီး ရဟတ်ယာဉ်ဖြင့် မမ်းဆီး ခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။
ဩဂုတ်လ ၁၀ ရက် နံနက် ၁၁ နာရီခန့်တွင် ဂန့်ဂေါမြို့အမြောက်တပ်အတွင်းသို့ ရိက္ခာ၊ လက်နက် ခဲယမ်းဖြည့်တင်းရန် ရောက်ရှိလာသည့် ရဟတ်ယာဉ်ဖြင့် ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို ပြစ်မှုပုဒ်မ ၇ ခုဖြင့် ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး၊ ဇနီးဖြစ်သူက လူမှုရေးဖောက်ပြန်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ဗိုလ်ကြီးမျိုးဝင်းသူသည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက PDF များထံ ကျည်ဆံ များ ရောင်းစားသည်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးစစ်ဆေးခံရကာ ဇနီးဖြစ်သူ၏ ဖခင်မှာလည်း အထက်အရာရှိဖြစ်ကြောင်း၊ ထို့အပြင် ဇနီးဖြစ်သူကလည်း လူမှုရေးဖောက်ပြန်မှုဖြင့်တရားစွဲဆိုခံ ထားရသူဖြစ်ကြောင်း သိရသည်။
“၁၀ရ က်နေ့ မနက် ၁၁ နာရီလောက်မှာ ဆင်းတဲ့ ပဇင်းနဲ့ ပါသွားပြီ။ သူ့ကို လက်ကို နောက်ပြန်လက် ထိပ်ခတ် ထားတယ်။ ပြီးတော့ ခန္ဓာကိုယ်တခုလုံးကိုလဲ ကြိုးနဲ့တုတ်ထားပြီးခေါ်သွားတာ။ ကြားတာ ကတော့ သူ့ မိန်းမ ဘက်ကနေ အမှု ၇ မှုနဲ့ ဆက်ပြီး တရားစွဲထားတယ်ပြောတယ်။ သူ့မိန်းမရဲ့ အဖေ ဖြစ်သူကလဲ အထက်ကလူကြီးဖြစ်နေတော့ အခေါ်ခိုင်းလိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆရတယ်။ ဒီ ဖက်မှာလဲ ကျည်ရောင်းတဲ့အမှုတွေနဲ့ ဆက်စပ်နေတာကြောင့်ဖြစ်မယ်။ ခန္ဓာကိုယ်တခုလုံးကို ကြိုးနဲ့ တုတ်ပြီးကိုခေါ်သွားတယ်လို့ သိရပါတယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ရှင်းပြသည်။
ဖမ်းဆီးခံရသူ ဗိုလ်ကြီးမျိုးဝင်းသူသည် ဂန့်ဂေါခရိုင်ရုံးမှ ဒုရဲအုပ် ရဲမေတစ်ဦး အိမ်ထောင်ရေးဖောက် ပြန်ကာ ဂန့်ဂေါမြို့ပေါ်၌ ပေါင်းသင်း နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဝင်းသူသည် ၂၀၂၁ ခုနှစ်တွင် ဂန့်ဂေါမြို့နယ် ကျောမြို့အခြေစိုက် ကပစ ၂၃ မှ ဂန့်ဂေါမြို့ လုံခြုံ ရေးတာဝန်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၎င်းတာဝန်ယူထားစဉ်ကာလအတွင်း ဂန့်ဂေါမြို့ပေါ်ရှိ ပျူ စောထီးခေါင်းဆောင် P2 ဖိုးဇော်နှင့် ပူးပေါင်းကာ မြို့ပေါ်ရှိပြည်သူများအား မတရားဖမ်းဆီး ငွေညှစ် ခြင်း၊ KTV ၊ ပြည့်တန် ဆာအခန်း၊ ၂ လုံး၊ ၃ လုံး၊ လောင်းကစား၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ မူးယစ်ဆေးဝါး စသည့် ရောင်းဝယ် ဖောက် ကားခြင်းအပါအဝင် စစ်တပ်ပိုင်ကျည်ဆံများကိုလည်း PDF တပ်ဖွဲ့များထံ ရောင်းချပေးမှုရှိခဲ့ကြောင်း သိရသည်။
D Day News