Yangon News

0 0
Read Time:5 Minute, 30 Second

ရန်ကုန်မြို့သို့ စစ်ဘေးရှောင်လာသော ပြည်သူများကို နွေးထွေးပျူငှာစွာကြိုဆို၍ ဖေးမကူညီ ကြရန် ရန်ကုန်မြို့အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှာနေသော အဖွဲ့အစည်းများက တိုက်တွန်း

 

D Day News

ဩဂုတ်လ ၁၃

 

ရန်ကုန်မြို့သို့ စစ်ဘေးရှောင်လာသော ပြည်သူများကို နွေးထွေးပျူငှာစွာကြိုဆို၍ ဖေးမကူညီပေးကြ ပါရန် ရန်ကုန်မြို့အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အဖွဲ့အစည်းများက ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် တိုက်တွန်း ထုတ်ပြန်သည်။

 

ယခုအချိန်ကာလသည် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်စစ်ပွဲကြီးကို တတိုင်းပြည်လုံး အတိုင်း အတာဖြင့် ဆင်နွှဲနေကြချိန်ဖြစ်ပြီး မင်းအောင်လှိုင်ဦးဆောင်သောအကြမ်းဖက်စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်အားစုများ၏ လက်နက်ကိုင်ခုခံထိုးစစ်ကို ဆက်တိုက်ရှုံးနိမ့်လျက်ရှိကာ တစ်မြို့ပြီး တစ်မြို့ လက်လွှတ်ဆုံးရှုံးနေရကြောင်း၊ စစ်ရှုံးစစ် ကောင်စီသည် ၎င်းတို့၏ ရှုံးနိမ့်မှုအပေါ် သွေးရူး သွေးတန်းဖြစ်ကာ အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းဗုံးကြဲ ခြင်းအပါအဝင် စစ်ရာဇဝတ်မှုများကို အရှက်မဲ့စွာ ဆက်တိုက်ကျူးလွန်လာလျက်ရှိကြောင်း အသိပေးထားသည်။

 

ထို့ကြောင့် စစ်ဖြစ်ပွားရာ ဒေသများရှိ ပြည်သူများသည် မိမိတို့ နေအိမ်၊ရပ်ရွာ ၊ မြို့များကို စွန့်ခွာပြီး တော်လှန်စစ်ပွဲများ အရှိန်ပြင်းထန်ခြင်းမရှိသေးသည့် ရန်ကုန်မြို့၊ မန္တလေးမြို့အပါအဝင် စစ်ပွဲလွတ် ရာဒေသများကို ခက်ခက်ခဲခဲဖြင့် စစ်ရှောင်နေကြရကြောင်း၊ ယခုအချိန်သည် “ငါတို့မှာ ငါတို့ပဲ ရှိ တယ်” ဆိုသည့် စိတ်ဓာတ်ဖြင့် ပြည်သူအချင်းချင်းဖေးမကူညီကာအတူတူ ကျော်ဖြတ်ကြရမည့် အ ချိန် ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင့်ရေးအဖွဲ့အစည်းများက ပြောဆို သည်။

ရန်ကုန်ပြည်သူလူထုအနေဖြင့် ရန်ကုန်မြို့ကို ရောက်ရှိလာသည့် ညီနောင်သားချင်း စစ်ဘေးရှောင် ပြည်သူများကို အကောင်းဆုံး ဝိုင်းဝန်းကူညီဖေးမစောင့်ရှောက်ကြရန်နှင့် ကူညီစောင့်ရှောက်မှု နည်း လမ်းများမှာ မိမိတို့ ရပ်ကွက်၊ မြို့နယ်များအတွင်းသို့ အိမ်နီးချင်းများ အဖြစ် ပြောင်းရွှေ့နေထိုင်လာ သည့် စစ်ဘေးရှောင်ပြည်သူများကို နွေးထွေးပျူငှာစွာကြိုဆိုဆက်ဆံပေးခြင်း ၊ အိမ်ငှားခများ၊ အ ဆောင်ငှားရမ်းခများကို ဈေးနှုန်းလျှော့၍ ငှားရမ်းပေးခြင်း ၊ မတန်တဆ ဈေးနှုန်း မြှင့်တင်ခြင်းများကို ကန့်ကွက်ရှုံ့ချခြင်း၊ မိမိ၏ ကာယအား၊ ဉာဏအား၊ ဓနအင်အားများအလိုက် နေထိုင်စား သောက်ရန် အတွက် ကူညီစီစဉ်ပေးခြင်းတို့ လုပ်ဆောင်ပေးကြရန် တိုက်တွန်းထားသည်။

 

ထို့အပြင်စစ်ဘေးရှောင်ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသည့် အပြုအမူ၊ အပြောအဆိုများ ပြောဆိုရေးသားချက်များကို ရှောင်ရှားခြင်း၊ ပြုလုပ်သူများကို ဝိုင်းဝန်း ကန့်ကွက် ရှုတ် ချခြင်း၊ စစ်ကောင်စီတပ်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ စစ်ရှောင်များအပေါ် ကျူးလွန် ဖိနှိပ်မှုများကို ဖော်ထုတ် သတင်းပေးခြင်း အစရှိသည့်အချက်များကိုလည်း လုပ်ဆောင်ပေးကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

 

“ဒီအချက်တွေဟာ ပြည်သူများအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ခက်ခဲလှတဲ့ အရာတွေ မဟုတ်သလို ပုံမှန်ဆိုရင်လည်း အိမ်နီးချင်းအသစ်တွေကို ကူညီဆောင်ရွက်ပေးနေကျ ချစ်ဖွယ်ဓလေ့တွေပဲ ဖြစ်ပါ တယ်။ အထူးသဖြင့် ယနေ့ အချိန်အခါလို တော်လှန်ရေးရဲ့ အရေးအကြီးဆုံးသော ကာလမှာ ပြည်သူ မှာ ပြည်သူပဲရှိတဲ့ စကားကို လက်တွေ့အသုံးချလို့ ပြည်သူအချင်းချင်းအကောင်းဆုံး ဝိုင်းဝန်းကူညီ ဖေးမကြပါစို့။ ပြည်သူအချင်းချင်း လက်ချင်းယှက် ညီညွတ်မှုအားကြီးနဲ့ ဒီတော်လှန်ရေးကြီးရဲ့ အဆုံး သတ်ပန်းတိုင်ကို တူတူ ညီညီ ဖေးဖေးမမ တိုက်ပွဲဝင်ကြပါစို့လို့ အလေးအနက် တိုက်တွန်းနှိုးဆော် အပ်ပါတယ်။” ဟု ရန်ကုန်မြို့အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအဖွဲ့အစည်းများက ပြောဆိုထားသည်။

 

အဆိုပါ တိုက်တွန်းထုတ်ပြန်ချက်ကို  Yangon Revolution Force – YRF ၊ ရေဘဝဲ (ပြည်သူ့ အကျိုး ပြု လူငယ် အဖွဲ့အစည်း) ၊ Owl Community၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု AJAY) ၊ Kyimyindaing Networks (KMD18) ၊ LinnYaung NiYouth Organization_LYNYO ၊ ရွှေပြည်သာ မြို့နယ် သပိတ်ကော်မတီ ( SPTSC) ၊ Mayangone Democratic Front (M.D.F) ၊ လူငယ် သပိတ် ကော်မတီ၊၏ North & East Dragon News ၊ South Dagon Information(SDG) ၊ TAMWE NWAY OO Channel ၊ THAKETA & DAWBON Fight For Freedom ၊ HTY Scout Channel ၊ NOK Information & Scout Echo ၊ Y.S.D Scout Channel ၊ MAYAGONE NEWS နှင့် တကသများ ရန် ကုန် (ASU) စသည့်အဖွဲ့အစည်းများဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *