Tagaung News

0 0
Read Time:2 Minute, 59 Second

တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၆၄ ဦးသေဆုံးပြီး ၂၀ ကျော် ဖမ်းမိကာ လက်နက် ၈၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၃

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆၄ ဦး သေဆုံးကာ ၂၀ ကျော်အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၈၃ လက်အပါအဝင်ခဲယမ်းအများအပြားသိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းမှ စတင်ပြီး သပိတ်ကျင်းမြိုနယ်၊ တကောင်းမြို့ရှိ ဒု-ဗိုလ်မှူးကြီး ရဲ ခေါင်နှင့် ဗိုလ်မှူး မိုးသွင် ဦးစီး သော တတက-၁၃၊ ဗိုလ်မှူး မိုးဝင်း ဦးစီး စခတ-၂၊ ရဲအုပ် အောင်ကို ဝင်း ဦးစီး ရဲတပ်ဖွဲ့၊ ဇော်လင်းနိုင် (ဒု-မြိုနယ်မှူး) တို့ အခြေပြုနေထိုင်သော ထွေအုပ်ရုံး၊ ဆေးရုံနှင့် ရဲစခန်းနှင့် လေးမျက်နှာဘုရားစစ်တပ်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လေးမျက်နှာမှ ကျန် စခန်းများကို ဩဂုတ်လ (၁၁) ရက်တွင်နေ့တွင်အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

“ထွေအုပ်ရုံး၊ ဆေးရုံ၊မြို့မရဲစခန်း၊ လေးမျက်နှာဘုရားတွေမှာ နေရာယူတပ်စွဲထားတာ၊ လက်နက် တွေလည်း သိမ်းဆည်းရရှိတာများတယ်၊ သုံ့ပန်းတွေလည်းမိတာများတယ်၊ လက်နက်တွေအကုန်ရ တယ်လို့ပြောလို့ရတယ်။ လက်နက်အရေအတွက်နဲ့ စခအသေတော့ ပြောလို့မရသေးဘူး။” ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ကျန်ရှိနေသော လေးမျက်နှာဘုရားရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဆက်လက် ထိုးစစ် ဆင် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ (၁၂) ရက်ညနေပိုင်းတွင် အောင်မြင်စွာ သိမ်းပိုက်ရရှိပြီး တကောင်းမြို့ တစ်မြို့လုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရရှိကာ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တကောင်းမြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုဖြင့် အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်း တပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *