Tagaung News

0 0
Read Time:2 Minute, 13 Second

တကောင်းမြို့သိမ်း အောင်ပွဲရရဲဘော်များကို ပြည်သူများက အောင်သပြေပန်းများ ဖြင့် ကြိုဆို (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၃

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သိမ်းပြီး အောင်ပွဲရရှိခဲ့သည့် PDF ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သပိတ်ကျင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၂ ရက် မွန်းလွန်းပိုင်းက တကောင်းမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဆေးရုံနှင့် လေးမျက်နှာဘုရားတို့ ၌တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး၊ အကြမ်းဖက်စစ်သား၊ ရဲ များအပြားသေဆုံး၊ စစ်သုံ့ပန်းအမြောက်အများလည်းဖမ်းဆီးရရှိထားကြောင်း၊ ထို့အပြင် လက်နက် ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိထားကြောင်း သိရသည်။

“ထွေအုပ်ရုံး၊ ဆေးရုံ၊မြို့မရဲစခန်း၊ လေးမျက်နှာဘုရားတွေမှာ နေရာယူတပ်စွဲထားတာ၊ လက်နက် တွေလည်း သိမ်းဆည်းရရှိတာများတယ်၊ သုံ့ပန်းတွေလည်းမိတာများတယ်၊ လက်နက်တွေအကုန်ရ တယ်လို့ပြောလို့ရတယ်။ လက်နက်အရေအတွက်နဲ့ စခအသေတော့ ပြောလို့မရသေးဘူး။” ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို အမှတ် ၁ စစ်ဒေသ SR3 တပ်ရင်း၊ အမှတ် ၄၁၁ တပ်ရင်း၊ သပိတ် ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) များနှင့် တကောင်းတိုက်နယ် (ပကဖ) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *