Sagaing News

0 0
Read Time:1 Minute, 51 Second

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က နေအိမ် ၂ လုံးထက်မနည်းကို မီးရှို့ ဖျက်ဆီး

 

D Day News

ဩဂုတ်လ ၁၃

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ရှားရောင်းရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် တပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

 

ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားများ အထိနာခဲ့သဖြင့် မြသိန်းတန်ဘုရားအနီးရှိ ရှားရောင်းကျေးရွာမှ ပြည်သူ့နေအိမ် ၂ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

 

“တိုက်ပွဲက အခုတော့ ငြိမ်သွားပါပြီ။ စဖြစ်တုန်းကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ် ခတ်ကြပါတယ်။ မီးရှို့တာလည်းငြိမ်သွားပြီ။ နေအိမ်တစ်လုံး ၂ လုံးလောက် မီးရှို့ခံရတယ်။ စခတွေ ဘက်က အထိအခိုက်များနိုင်တယ်။ PDF တွေဘက်ကလည်း ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ အ သေး စားရထားတယ်လို့ သိရပါတယ်။ အခုတော့ စခတွေက မြသိန်းတန်ဘုရားပေါ်မှာ နေရာယူ ထားပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

Photo – ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က မင်းကွန်းဒေသရှားရောင်းကျေးရွာကို စစ်သားများ ဝင်ရောက်မီးရှို့မှု

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *