Poem

1 0
Read Time:1 Minute, 18 Second

ကဗျာကဏ္ဍ “ပီအာအဖ်နှင့်ပြည်သူ”

 

ပျိုးကြဲလက်

 

အာဏာရှင် တော်လှန်ရေး

အားပေးဖို့ ညီတယ်နော်

ထောက်ပို့ရဲဘော် ။

ကြိုးစားလို့ ရွှင်ပျော်ပျော်

လက်တွဲခေါ် သူငယ်ချင်း ။

ငါတို့မှာ တို့ပဲရှိလို့

အားကိုးမိခြင်း ။

 

ငွေရှိရင် ငွေကူဗျ

တော်လှန်ကြ အတူတူ

ရဲတံခွန်ထူ ။

ရင်ထဲက သောကပူ

ဗလောင်ဆူ ရှိလဲ ။

ထောက်ပို့မှာ အဓိကကျ

လှူရမှာပဲ ။

 

ရွှေရှိရင် ရွှေလှူဗျ

ပုန်ကန်ကြ အတူတူ

ရဲအောင်လံထူ ။

စိတ်ထဲက ဒေါသပူ

ဗလောင်ဆူ ရှိဆဲ ။

ထောက်ပို့မှာ အခရာကျ

ကူရမှာပဲ ။

 

စစ်မြေမှာ ဘဝကြမ်းတဲ့

ရှေ့တန်းက ပြည့်ရဲဘော်

စွန့်လွှတ်လို့ပျော် ။

ဆေးဝါးနဲ့ ရိက္ခာနော်

လုံလောက်သော် အသာစီးရ ။

လက်နက်နဲ့ ကျည်ဆံငအောင်

မပြတ်လှူဗျ ။

 

ပြည်သူဟာ အဓိက

စိတ်တိုင်းကျ ကူကြပါ ။

ဖယ်ဒရယ် ဖိုးရွှေလ

ကိုးဆယ်ဆသာ ။

သမိုင်းတွင်မယ့် ရက်မဟာ

လှူရတာ အခွင့်ထူး ။

ပီအာအဖ်နဲ့ ပြည်သူတွဲလို့

စွဲလှူပါဦး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *