Nyaung Lay Bin News

0 0
Read Time:1 Minute, 53 Second

ညောင်လေးပင်မြို့နယ်၊ လူထုဦးလှဇာတိဖြစ်သည့် ပုဇွန်းမြောက်ကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၁၃

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ လူထုဦးလှဇာတိရွာဖြစ်သည့် ပုဇွန်မြောင်းကျေးရွာတွင် တိုက်ပွဲ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။

 

ဩဂုတ်လ ၁၁ ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အရှေ့ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း ၃၇၀၃ တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့်အကြာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၁၆ ဦးထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပုဇွန်မြောင်းကျေးရွာသည် လူထုဦးလှ၏ မွေးရပ်ဇာတိ ဖြစ်ပြီး အိမ်ခြေ ၁၆၀၀ ဝန်းကျင်ရှိ သည့်ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ လွန်ခဲ့သော ၂ နှစ်ခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာနေ ပြည်သူ ၇၀၀၀ ကျော်နေရပ်စွန့်ခွာနေကြရကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုဇွန်မြောင်း ကျေးရွာအတွင်းရှိ ပြည်သူပိုင် အိုးအိမ် များနှင့် သာသနိကပိုင် အဆောက်အဦးများကို ဖျက်ဆီးသည့်အပြင် လက်ညှိုးထိုး ရောင်းချမှု များလည်း ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *