MNDAA News

0 0
Read Time:2 Minute, 7 Second

MNDAA က ဖမ်းဆီးရရှိသော စစ်သုံ့ပန်း ၃၇၃ ဦးကို ၆ ကြိမ်မြောက် လွှတ်ပေး၊ စုစုပေါင်း ၂၀၀၀ ကျော်ရှိပြီ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၃

 

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းမှ ဖမ်းဆီးရရှိသော စစ်သုံ့ပန်းအကျဉ်းသား ၃၇၃ ဦးကို ၆ ကြိမ်မြောက် အဖြစ် ထပ်မံလွှတ်ပေးလိုက်ကြောင်း MNDAA တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၁၁ နာရီခန့်တွင် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ ၃၇၃ ဦးကို ထပ်မံလွှတ်ပေးလိုက်ခြင်းဖြစ်ပြီး ဩဂုတ်လ ၆ ရက်နေ့မှစ၍ ယနေ့အထိပြန်လွှတ်ပေးသော စစ်သား၊ မိသားစုဝင် စစ်သုံ့ပန်းဦးရေ ၂၀၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

“မနေ့က အထိလွှတ်ပေးတာ ၅ ကြိမ်မြောက်ပါ။ ဒီနေ့လည်းထပ်လွှတ်ပေးတယ်။ ဒီနေ့ ၁၁ နာရီ လောက်မှ စလွှတ်ပေးတာ။ ၃၇၃ ဦးလွှတ်ပေးပါတယ်။ အကုန်းပေါင်းရင်တော့ နှစ်ထောင်ကျော်ပြီ။ ဒီလိုလွှတ်ပေးတဲ့ လုပ်ငန်းမှာ SSPP က လာရောက်ပူးပေါင်းကူညီဆောင်ရွက်ပေးပါတယ်” ဟု MNDAA ရှေ့တန်းသတင်းရင်းမြစ်က ပြောကြားသည်။

 

ဩဂုတ်လ ၆ ရက်နေ့ တွင် ပထမဆုံးအကြိမ်အဖြစ် စစ်သုံ့ပန်း ၃၈၅ ဦး၊ ဩဂုတ်လ ၇ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ၄၄၅ ဦး၊ ဩဂုတ်လ ၈ ရက်နေ့တွင် တတိယအကြိမ်အဖြစ် ၃၀၈ ဦး၊ ဩဂုတ်လ ၉ ရက်နေ့တွင် စတုတ္တအကြိမ်အဖြစ် ၃၃၈ ဦး၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ပဥ္စမအကြိမ်အဖြစ် ၃၃၁ ဦး တို့လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထိုသို့လွှတ်ပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများကို လူသားချင်းစာနာထောက်မှုစိတ်ဓာတ်ဖြင့် လမ်းခရီးစရိတ်များလည်း ပေးအပ်ခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *