International News

0 0
Read Time:3 Minute, 22 Second

UN သံအမတ်ကြီးဦးကျော်မိုးထွန်းက လက်သုံးချောင်းထောင်ကာ ပြည်သူ့ဘက်ကို ရပ်တည်မည်ဟု သိရစဉ်က မည်သူ့ကိုမျှမပြောရဲပဲ နှုတ်ပိတ်နေခဲ့ရသည် NUG နိုင်ခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင် ပြောဆို (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၃

 

UN သံအမတ်ကြီး ဦးကျော်မိုးထွန်း လက်သုံးချောင်းထောင်ကာ ပြည်သူ့ဘက်ကို ရပ်တည်မည်ဟု ကြိုတင်သိရစဉ်က မည်သူ့ကိုမျှမပြောရဲပဲ ရေငုံနှုတ်ပိတ်နေခဲ့ရသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်။

 

ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် “ပြည်သူသို့ အောင်စကား” ဝိုင်းအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နောက်တစ်ခုကျမထပ်ဖြည့်ချင်တယ်၊ အလှည့်အပြောင်းကို ဖြစ်စေတာက UN မှာ သံအမတ်ကြီး ဦး ကျော်မိုးထွန်းနဲ့ ကျမတို့ပေါ့နော်။ သူ လက်သုံးချောင်းထောင် တော့မယ်လို့ ၂၄ နာရီ ပဲကြိုသိရတာ။ ၂၄ နာရီတောင် မကြာဘူး။ မရလိုက်ဘူး။ ၂၄ ရီအတွင်းမှာ သူရေးမယ့်စာ ၊ သူပြောမယ့်မိန့်ခွန်းကို ကျမ ဆီပို့လိုက်တဲ့အချိန်မှာ ကျမဘယ်သူ့မှ မပြောရဲပဲနဲ့ ပါးစပ်ပိတ်ထားရတဲ့ အခြေအနေ တစ်ခုရှိခဲ့ တယ်။ အဲဒီအချိန်မှာ ဘယ်သူ့မှပြောရဲခဲ့ဘူး။ ပြောလဲ ဘယ်သူမှ မယုံဘူး။ ကျမလဲ ပါးစပ်ပိတ်ထားပြီး တော့မှ အဲဒီနေ့ကျမှ အဲဒါကိုပဲ စောင့်ကြည့်ပါလို့ပြောရတယ်ပါ့နော်။” ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်။

 

ထိုသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ပြည်သူလူထုဘက် ရပ်တည် မှုသည် နိုင်ငံရေးအလှည့်အပြေင်းတစ်ခုကို ကြီးကြီးမားမားဖြစ်ခဲ့ပြီးနိုင်ငံတကာတွင် ကိုယ်စားပြုနေ သည့် သံတမန်တစ်ဦးရပ်တည်မှုသည် သမိုင်းဝင်ပြယုဂ်တစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြ သည်။

 

“ဒါကဘာလဲဆိုတော့ ပြည်သူ့ဝန်ထမ်း ဆိုတာ ဘာလဲ ဆိုတာ ပြလိုက်တာ။ နိုင်ငံတကာမှာ ကိုယ်စား ပြု နေရတဲ့ သံတမန်တစ်ယောက်က ဘယ်သူ့ရဲ့ အသံကို ကိုယ်စားပြုရမှာလည်း ဆိုတာ ပြလိုက်တဲ့ အရမ်းကို မှတ်တမ်းတင်ရမယ့် သမိုင်းဝင်တဲ့ ပြယုတ်တစ်ခုလည်းဖြစ်တယ်။ ဒါကလည်းအချို့အကွေ့ တစ်ခုကိုဖြစ်စေတယ်။ ဒါကလည်း CDM ဆိုတဲ့ တန်ဖိုးတစ်ခု က ဘာပေးမှာ ညာပေးမှာဆိုပြီး လုပ်ရ တာမဟုတ်ဘူး။ ကိုယ့်ယုံကြည်ချက်တစ်ခုနဲ့ ကိုယ်က ဘယ်သူ့ကို ကိုယ်စားပြုနေမှာလည်း ကိုယ်က ဘယ်သူ့ဝန်ကိုထမ်းမှာလဲ ၊ပြည်သူ့ဝန်ကိုထမ်းမှာလား၊ အကြမ်းဖက်စစ်တပ်ရဲ့ဝန်ကို ထမ်းမှာလား ဆို တာ ရွေးချယ်ဖို့လိုတယ်။ ဒီနေရာမှာ ပြည်သူ့ဝန်ကို ထမ်းခဲ့ကြတဲ့ ဝန်ထမ်းစစ်စစ်တွေ ၊ CDM တွေ၊ ပြည်သူ့အသံကို ကိုယ်စားပြုကြတဲ့အခန်းကဏ္ဍက အင်မတန်မှ အရေးကြီးတယ်။” ဟု NUG နိုင်ငံ ခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *