Hakha News

0 0
Read Time:2 Minute, 48 Second

ဟားခါး -ထန်တလန်လမ်းပေါ်ရှိ Keivangzaun စစ်တပ်စခန်းကို သိမ်းပိုက်မှု စစ်သား အလောင်း ၁၀ လောင်းနှင့် ၆၀ မမ လက်နက်ကြီးအပါအဝင် ၁၁ လက်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၃

 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါး -ထန်တလန်လမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ Keivangzaun စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ရာ စစ်သား အလောင်း ၁၀ လောင်းနှင့် ၆၀ မမ လက် နက်ကြီးအပါအဝင် ၁၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Chinland Defense Force – Hakha ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၂ နံနက် ၅ နာ မိနစ် ၅၅ ခန့်ကစတင်ပြီး ဟားခါး – ထန်တလန်လမ်းမပေါ် ဟားခါး မြို့တော်နှင့် သီမြစ်ချောင်းကြားမှာရှိအကြမ်းဖက်စစ်ကောင်စီ၏ Keivangzuan စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ ကြောင်း၊ စစ်တပ်စခန်းအတွင်းမှ အကြမ်းဖက်စစ်သားအလောင်း ၁၀ လောင်း ၊ 60 မမ၊ MA1 ၂ လက်၊ MA2 ၄ လက်၊ MA3 ၁ လက်၊ MA4 ၂ လက်၊ Machine gun ၁ လက်၊ ကျည်‌ဘောက် ၂၅ ခု၊ မိုင်းနှင့် ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အင်အားက ၁၅ ယောက် အယောက် ၂၀ လောက်ပဲရှိတဲ့ စခန်းသေးလေးပါ။ ဒီမနက် ၅ နာရီ ၅၅ လောက်ကနေ ၆ နာရီ ၄၅ မိနစ်လောက်အထိကြာခဲ့တာပေါ့။ ဖမ်းမိတာတော့မရှိဘူး။ စစ်သား အလောင်း ၁၀ လောင်းတော့ တွေ့ထားတယ်၊ ပြီးတော့ ၃ ယောက်လောက်ကတော့ ဒဏ်ရာအပြင်း အထန်ရတယ်၊ သူတို့လည်း သွားရင်းနဲ့ သေနိုင်တယ်။ လက်ရှိတော့ အဲဒီစခန်းကို အကုန်လုံးရှင်းလင်း ပြီးခဲ့ပြီ။ ထပ်သိမ်းဖို့စခန်းတွေ နည်းနည်းတော့ရှိသေးတယ်။ စခန်းသေးလေးတွေပေါ့။ အခုသိမ်းလိုက် တဲ့စခန်းလို့ စခန်းလေးတွေတော့ ရှိသေးတယ်။ ၃ ခုလောက်ပေါ့” ဟု Chinland Defense Force – Hakha မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Operation Rung အမည်ဖြင့် Chinland Defense Force – Hakha နှင့် Chin National Army တို့ ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော် ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌‌ပေးပါရန် မေတ္တာ ရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *